လက်ရှိအချိန်မှာ Apple ဟာ MacBook Air နဲ့ MacBook Pro 13-inch တွေကို Intel Processor တွေအစား ကိုယ်ပိုင် M1 Processor နဲ့ အစားထိုးနေပြီဖြစ်ပါတယ်။ ကြည့်ရတာတော့ Huawei အနေနဲ့လည်း အလားတူကိုယ်ပိုင် Processor ကို အသုံးပြုထားတဲ့ Laptop တွေကို မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

ဒါကတော့ Huawei ကနေ Qingyun L410 နာမည်နဲ့ Laptop တစ်လုံးကို ၂၀၂၁ ခုနှစ်အတွင်းမှာ မိတ်ဆက်သွားဖို့ရှိနေပြီး စမတ်ဖုန်းတွေမှာအသုံးပြုနေတဲ့ Kirin Chipset တစ်မျိုးကို အသုံးပြုထားမယ်လို့ သတင်းထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ မိတ်ဆက်လာနိုင်မလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။

လက်ရှိအချိန်အထိ သိရှိရထားသလောက်ကတော့ အဆိုပါ Huawei Qingyun L410 Laptop ဟာ Kirin 990 ကို အခြေခံထားတဲ့ Chipset ၊ 14″ 2K Display ၊ 8GB RAM နဲ့အတူ 512GB SSD တွေပါဝင်လာမှာဖြစ်ပါတယ်။ ထူးခြားတဲ့အချက်ကတော့ Software ပိုင်းမှာ Windows 10 အစား Linux Distribution တစ်မျိုးဖြစ်တဲ့ Deepin OS 20 နဲ့ ထွက်ရှိလာမယ်လို့ သိရပါတယ်။

ဖြစ်နိုင်တာကတော့ Huawei အနေနဲ့ နောက်ပိုင်းမှာ Windows 10 ကို အသုံးပြုခွင့်ပါ ပေးသွားနိုင်ပြီး အဆိုပါ Deepin OS 20 ကစျေးကွက်ထဲမှာရှိတဲ့ OEM Laptop တွေလိုမျိုး Default OS တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ် နောက်ပိုင်းမှာ Huawei ရဲ့ ကိုယ်ပိုင် Harmony OS ကိုပါ အသုံးပြုနိုင်ခြေရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုပါ Huawei Qingyun L410 ဟာ တရုတ်နိုင်ငံစျေးကွက်ကိုပဲ ဦးတည်ရောင်းချသွားမှာဖြစ်ပြီး 5G Network ကိုပါ Support ပေးသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ Design ပိုင်းနဲ့ ဘယ်လိုမျိုး Feature တွေပါဝင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – Giz China