Foldable ဖုန်း လောကမှာ အစောဆုံး ဦးဆောင်သူတွေထဲက တစ်ယောက် ဖြစ်တဲ့ Huawei ဟာ ၃ ခေါက်ချိုး Foldable ဖုန်းကို ဖန်တီးနေပြီး ဒီနှစ် ကွာတား ၂ မှာ ရောင်းချနိုင်ပါတယ်။ ထိုင်ဝမ်ရဲ့ TechNews အပါအဝင် သတင်းဌာနများစွာက Huawei ဟာ ဒီစီမံကိန်းအတွက် ကုန်ကြမ်းအများအပြားကို စတင် စုဆောင်းနေပြီလို့ ပြောပါတယ်။

Huawei ရဲ့ ဖုန်းဟာ Z သို့မဟုတ် S ပုံသဏ္ဍာန် ခေါက်ချိုး ဒီဇိုင်း ဖြစ်နိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစားက တခြား Foldable ဖုန်းတွေလိုပဲ ၆.၄ လက်မ ဝန်းကျင်ဖြစ်နိုင်ပါတယ်။ BOE ဟာ Huawei ရဲ့ ဖုန်းအတွက် Panel ကို ထုတ်လုပ်ပေးမှာ ဖြစ်ပြီး Zhaoli နဲ့ Fusda ကုမ္ပဏီတွေက Hindge ကို ထုတ်လုပ်ရာမှာ ပါဝင်ကြမယ်လို့ သတင်းထွက်နေပါတယ်။

Huawei Mate X 'Foldable Phone' Will Reportedly Start Shipping in June - News18

Huawei ဟာ ၃ ခေါက်ချိုး ဖုန်း နည်းပညာကို သုတေသနပြုလုပ်နေတာ ကြာပါပြီ။ ကုမ္ပဏီဟာ ဒီနည်းပညာကို ၂၀၂၁ ခုနှစ်ကတည်းက မှတ်ပုံတင်ထားတာဖြစ်ပြီး ၂၀၂၂ ခုနှစ် မတ်လနဲ့ ဇူလိုင်လမှာ နောက်ထပ် မှတ်ပုံတင်ခဲ့ပါတယ်။

Huawei ရဲ့ ၃ ခေါက်ချိုး ဖုန်းရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပေမယ့် Foldable ဖုန်း ဝါသနာရှင်တွေအတွက် အဲဒီဖုန်းဟာ စိတ်ဝင်စားစရာကောင်းမှာ သေချာပါတယ်။

Foldable ဖုန်းတွေဟာ ၂၀၂၃ ခုနှစ်မှာ ရောင်းအားကျခဲ့ပြီး ၁၅.၇ သန်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။ လေ့လာဆန်းစစ်သူတွေက ၂၀၂၄ ခုနှစ်မှာ ရောင်းအား ၁၂.၃ ရာခိုင်နှုန်းတက်လာပြီး ၁၇.၇ သန်း ရောင်းချနိုင်မယ်လို့ တွက်ချက်ထားကြပါတယ်။

Ref: gizmochina