Counterpoint Research ရဲ့ စစ်တမ်းအရ Huawei ဟာ ဒီနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလ ကနေ မတ်လအတွင်း Foldable ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။ အမေရိကန် အစိုးရက Huawei ကို Google Services အသုံးပြုခွင့် ပိတ်ပင်ထားတာတောင် ရောင်းအား အကောင်းဆုံး ဖြစ်လာတာက အံ့အားသင့်စရာကောင်းပါတယ်။
Samsung က နံပါတ် ၂ နေရာမှာ ရှိနေပြီး ၂၀၂၃ ခုနှစ် ကွာတား ၁ ကထက် ရောင်းအား ၄၂ ရာခိုင်နှုန်းတောင် ကျဆင်းသွားပါတယ်။
Huawei ဟာ ၂၅၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အများစုက တရုတ်မှာ ရောင်းချတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကြေညာခဲ့တဲ့ Mate X5 ကြောင့် ရောင်းအား ဒီလောက်ကောင်းတာပါ။ အဲဒီဖုန်းမှာ 5G ပါတဲ့အတွက် တရုတ်မှ Consumer တွေကို စွဲဆောင်နိုင်ခဲ့တာပါ။
Honor က နံပါတ် ၃ နေရာကို ရထားပြီး ရောင်းအား ၄၆၀ ရာခိုင်နှုန်းတောင် တိုးတက်ခဲ့ပါတယ်။ အထင်ကြီးစရာ အကောင်းဆုံးက Motorola ဖြစ်ပြီး ၁,၄၇၃ ရာခိုင်နှုန်းတောင် တိုးတက်ခဲ့ပါတယ်။ Foldable ဖုန်း ရောင်းအားဟာ အရင်နှစ်ကထက် ၄၉ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Honor နဲ့ Motorola ရဲ့ အဓိက ရောင်းအားဟာ တရုတ် ပြင်ပမှာ ဖြစ်ပါတယ်။
Ref : gsmarena