Huawei ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအတွက် ကိုယ်ပိုင် Kirin Chipset တွေကိုပဲ ပြောင်းလဲအသုံးပြုနေတာဖြစ်ပါတယ်။ လက်ရှိ Kirin Chipset တွေထဲမှာ အကောင်းဆုံးအနေနဲ့ Kirin 990 5G Chipset ကို ထုတ်လုပ်ထားပြီး အခုလည်း နောက်ထပ် Kirin 1000 Chipset ထုတ်လုပ်မှုကို စတင်နေပြီလို့ သိရပါတယ်။

အခုသတင်းကိုတော့ Huawei ကို Chip တွေထောက်ပံ့ပေးနေတဲ့ TSMC ကုမ္ပဏီရဲ့ Investment Plan ကနေ သိရှိခဲ့ရတာဖြစ်ပြီး Kirin 1000 ဆိုတဲ့ နာမည်ကိုပါ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Kirin 1000 Chipset ဟာ TSMC ရဲ့ 5nm Architecture ကို အသုံးပြုသွားမယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။

Huawei Kirin 1000 Chipset ဟာ လာမယ့်နှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမယ့် Huawei Mate 40 Series စမတ်ဖုန်းတွေမှာ အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခုနှစ်ကုန်ပိုင်းမှာ Apple iPhone 12 Series ဖုန်းတွေအပြင် Huawei Mate 40 Series ဖုန်းတွေပါ 5nm Chipset တွေနဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။

အဆိုပါ Kirin 1000 Chipset ဟာ စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်းပိုမိုကောင်းမွန်တဲ့ Cortex-A77 Core တွေကို အသုံးပြုလာမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းအပြင် Power စားသုံးမှုတွေမှာလည်း လက်ရှိ Kirin 990 5G Chipset ထက် သိသိသာသာကို ပိုပြီးကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Integrated 5G Modem နဲ့ Mali-G77 GPU အသစ်၊ AI ပိုင်းအတွက် Dual-Core NPU တွေကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei Mate 40 Series ဖုန်းတွေဟာ ယခုနှစ်အတွက် စွမ်းဆောင်ရည်အကောင်းဆုံး Android Flagship ဖုန်းတွေဖြစ်လာဖို့ သေချာသလောက်ကိုဖြစ်နေပါပြီ။

Ref – Gizmo China