Honor ကနေ လာမယ့် မေလ ၁၈ ရက်နေ့မှာ Honor Smart Life ဆိုတဲ့ နာမည်တဲ့ Product Launch Event ကို ပြုလုပ်သွားဖို့ရှိနေပါတယ်။ အဆိုပါ Event ဟာ Honor 10X စမတ်ဖုန်းမမိတ်ဆက်ခင် ၂ ရက်အလိုမှာ ပြုလုပ်မှာဖြစ်ပြီး စမတ်ဖုန်းအစား Laptop ၊ Tablet ၊ Smart TV နဲ့အခြားဆက်စပ်ပစ္စည်းတွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။

အခုလည်း Tipster တစ်ဦးဖြစ်တဲ့ @_rogame ကနေ Twitter ကနေ တစ်ဆင့် Huawei Laptop အသစ်တစ်လုံးရဲ့ Specs တွေကို ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါ Laptop ဟာ AMD ရဲ့ Ryzen 7 4800H CPU အသစ်အပြင် 16GB DDR4 RAM ၊ 512GB WD SN720 NVMe SSD နဲ့ သီးသန့် Graphic Card တော့ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

လောလောဆယ်မှာ Huawei အနေနဲ့ မိတ်ဆက်ဖို့ရှိနေတဲ့ Product Launch Event တွေမရှိနေတဲ့အတွက် အဆိုပါ Laptop ဟာ Huawei အစား Honor ရဲ့ MagicBook Laptop အသစ်တစ်လုံးဖြစ်လာနိုင်ခြေများနေပါတယ်။ အသုံးပြုထားတဲ့ Ryzen 7 4800H CPU ဟာ ပုံမှန် Ultrabook နဲ့ Laptop တွေမှာ အသုံးပြုတဲ့ 15W U Series CPU အစား Gaming ပိုင်းအတွက် ပိုပြီးအသုံးပြုသူများပြားတဲ့ 45W CPU တစ်ခုဖြစ်နေတဲ့အတွက် Honor အနေနဲ့ Gaming Laptop ဘက်ကိုပါ အသစ်မိတ်ဆက်နိုင်တယ်လို့ ယူဆရပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာဆိုရင်လည်း အဆိုပါ Ryzen 7 4800H CPU က Intel i9-9980H CPU ထက်တောင် ပိုပြီးကောင်းမွန်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Gaming Laptop အနေနဲ့ဆိုရင် သီးသန့် Graphic Card လိုအပ်ပြီးတော့ Ryzen 7 4800H မှာပါဝင်တဲ့ Vega 8 Graphics ဟာ ပုံမှန် အလယ်အလတ်ဝန်းကျင်လောက်ပဲ Gaming ပိုင်းမှာ စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း Honor ရဲ့ President ဖြစ်တဲ့ George Zhao ဟာ Honor MagicBook တွေဟာ Intel 10th Gen Processor တွေကိုအသုံးပြုလာမယ်လို့ ပြောကြားခဲ့တဲ့အတွက် ကြည့်ရတာ Intel 10th Gen Processor အပြင် AMD Version ကိုပါ မိတ်ဆက်လာနိုင်ဖို့များနေပါတယ်။

Ref – Gizmo China