Huawei Consumer Business Group (BG) သည် ရုံးသုံး၊ ကျောင်းသုံးအတွက် အထူးသင့်လျော်သည့် PC တစ်လုံးကဲ့သို့ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်သော HUAWEI MatePad 11.5” အား မြန်မာနိုင်ငံတွင်မိတ်ဆက်လိုက်ပြီဖြစ်သည်။

Huawei သည် ပထမဆုံးတက်ဘလက်အား ၂၀၁၃ ခုနှစ်တွင်စတင်ထုတ်လုပ်ကတည်းက ခေတ်မီနောက်ဆုံးပေါ် နည်းပညာမြင့် တက်ဘလက်များအား စဉ်ဆက်မပြတ် မိတ်ဆက်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ HUAWEI MatePad 11.5” သည် လူငယ်လုပ်ငန်းရှင်များနှင့် ကျောင်းသားများအတွက် အသုံးဝင်စေမည့် Huawei ၏ နည်းပညာသစ်များဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။

HUAWEI MatePad 11.5” အား Huawei ၏ အကောင်းဆုံးဒီဇိုင်းထုတ်လုပ်သည့်စံချိန်စံညွှန်းများနှင့်ကိုက်ညီစေရန် ကိုယ်ထည်တစ်ခုလုံးအား အင်တာနာ ဖြတ်ရာမရှိအောင် တစ်ဆက်တည်းထုတ်လုပ်ထားသည်။ ဤတက်ဘလက်တွင် 120 Hz Refresh Rate ပါသော 11.5 လက်မရှိသည့် မျက်နှာပြင်ကျယ်၊ ဖြုတ်လွယ်တပ်လွယ်သော ကီးဘုတ်နှင့် နောက်ဆုံးပေါ် HarmonyOS 3.1 တို့ ပါဝင်သည့်အတွက် ရုံးသုံးအတွက်ဖြစ်စေ၊ ဖျော်ဖြေရေးအတွက်ဖြစ်စေ အကောင်းဆုံး အတွေ့အကြုံများကိုရရှိစေနိုင်ပါသည်။ 120 Hz HUAWEI FullView Display အပြင် အကောင်းဆုံးသော လုပ်ဆောင်ချက်များနှင့် သတ္တုကိုယ်ထည်ဒီဇိုင်းတို့မှ ပရီမီယမ်ဆန်သော အသွင်အပြင်၊ ခံစားမှု၊ လုက်ဆောင်ချက်များကို ရရှိစေပြီး ဤဈေးတန်း MatePad များအကြားတွင်ထင်ပေါ်နေမည်ဖြစ်သည်။

လှပရိုးရှင်းသော သတ္တုကိုယ်ထည်ဒီဇိုင်း

Uni-body design အဖြစ်ထုတ်လုပ်ထားသည့် Huawei MatePad 11.5” ၏ ကိုယ်ထည်တစ်ခုလုံးအား အလူမီနီယမ်ဖြင့် ပြုလုပ်ထားပြီး ခပ်မှိုင်းမှိုင်း Space Gray အရောင်မှာ အမြင်လှပရုံသာမက အသုံးပြုရာမှာလည်း အကောင်းဆုံး အတွေ့အကြုံများကိုလည်း ပေးစွမ်းနိုင်သည်။ အလေးချိန် 499 g နှင့် အထူ 6.85 mm သာရှိတာကြောင့် ပေါ့ပါးပြီး နေ့စဉ်သယ်ဆောင်ရလွယ်ကူစေသည်။

HUAWEI MatePad 11.5” တွင် Cavity Slot Magnetic (CSM) အင်တာနာကို ကိုယ်ထည်ထဲတွင် ထည့်ထားသည့်အတွက် ချောမွတ်သောဘေးဘောင်များကိုရရှိစေပါသည်။ ဤဒီဇိုင်းသည် HUAWEI MatePad 11.5” အား အမြင်လှပစေရုံသာမက လိုင်းဆွဲအားကောင်းစေပါသည်။

ထည်ဝါသည့်မျက်နှာပြင်ကျယ်

MatePad 11.5” တွင်ပါဝင်သော HUAWEI FullView Display ၏ Screen-to-body ratio မှာ 86% ရှိပြီး 3:2 မျက်နှာပြင်အချိုးသည် ပုံမှန် 16:9 မျက်နှာပြင်များထက် ပိုမိုကျယ်ပြန့်သော မြင်ကွင်းဧရိယာကို ပေးစွမ်းနိုင်ပြီး ရုံးသုံးအတွက်သာမက ပုံဆွဲခြင်းကဲ့သို့ အနုစိတ်ဖန်တီးရသည့်အလုပ်များအတွက်ပါအသုံးဝင်စေသည်။

120 Hz refresh rate နှင့် 2200 x 1440 resolution မှ မြင်ကွင်းများကို ကြည်လင်ပြတ်သားစေပြီး အသုံးပြုရာတွင် မြန်ဆန်ချောမွေ့စေမည်ဖြစ်သည်။ ထို့အပြင် TÜV Rheinland Low Blue Light (Hardware Solution) နှင့် Flicker-Free certifications တို့ရရှိထားသည့်အတွက် မျက်လုံးကိုမထိခိုက်စေဘဲ နာရီအတော်ကြာအသုံးပြုနိုင်မည်ဖြစ်သည်။

PC ကဲ့သို့ လုပ်ဆောင်နိုင်စွမ်းများဖြင့် လွယ်ကူစွာဆောင်ရွက်နိုင်ခြင်း

ဖြုတ်လွယ်တပ်လွယ်သော HUAWEI Smart Keyboard မှ key travel 1.5mm အထိရှိပြီး PC ကဲ့သို့ ကီးဘုတ် Shortcuts များလည်းအလွယ်တကူအသုံးပြုနိုင်သည်။ AI Voice မှလည်း အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ အာရပ်၊ ပိုလန်၊ မလေး စသည့် ဘာသာစကားများအား ခလုတ်တစ်ချက်နှိပ်ရုံဖြင့် အသံမှ စာသားအဖြစ်သို့ ပြောင်းလဲရေးသားပေးနိုင်သည့်အတွက် လွယ်ကူသက်သာစေမည်ဖြစ်သည်။

HUAWEI MatePad 11.5” တွင် ဖိုင်များအား ဆွဲယူကူးပြောင်းနိုင်သော Drag and Drop လုပ်ဆောင်ချက်စသည့် အသုံးဝင်သည့် Smart Office features များထည့်သွင်းထားသည့် နောက်ဆုံးပေါ် Harmony OS 3.1 operating system ပါဝင်သည့်အတွက် မိုဘိုင်းဖုန်း၊ PC၊ မော်နီတာ၊ Vision ထုတ်ကုန်များနှင့် နားကြပ်များအကြား အထစ်အငေါ့မရှိဘဲ လွယ်ကူစွာ အလုပ်လုပ်နိုင်စေသည်။

HarmonyOS 3.1 တွင်အသစ်အဆင့်မြင့်တင်ထားသော Multi-Window နှင့် App Multiplier တို့မှ ဤတက်ဘလက်အား PC ကဲ့သို့ multi-tasking များ လုပ်ဆောင်နိုင်စေသည်။ ထို့ပြင် စာသားများ၊ ရုပ်ပုံများ၊ လင့်ခ်များနှင့် ဖိုင်များအား အက်ပလီကေးရှင်း တစ်ခုနှင့်တစ်ခုအကြား၊ Device တစ်ခုနှင့်တစ်ခုအကြား ရိုးရှင်းလွယ်ကူစွာ ဆွဲယူကူးပြောင်းနိုင်သော မှတ်စုတို (Take Snippet) မှ တစ်ဆင့် အသုံးပြုနိုင်သော SuperHub လုပ်ဆောင်ချက်လည်း ပါဝင်သည်။

HUAWEI MatePad 11.5” မှ အွန်လိုင်းအစည်းအဝေးများ၊ mobile office၊ ရုံးလုပ်ငန်းများအား device တစ်ခုနှင့်တစ်ခုအကြား အဆင်ပြေချောမွေ့စွာပြုလုပ်နိုင်စေသော လုပ်ဆောင်ချက်များဖြစ်သည့် ရွေ့လျားမှုနောက်ကို လိုက်သည့် FollowCam၊ ဆိုဒ်ကြီးသော ဖိုင်များအား စီမံခန့်ခွဲနိုင်ခြင်း၊ Multi-screen collaboration စသည့်တို့အားလည်း အထောက်အပံ့ပေးသည်။

စိတ်ပူစရာမလိုသော အားခံသည့် ဘက်ထရီ

HUAWEI MatePad 11.5” တွင် အရည်အသွေးမြင့် 4 nm Chipset၊ 2×2 MIMO dual-antenna Wi-Fi 6 နှင့် 160 MHz bandwidth တို့ထည့်သွင်းထားသည့်အတွက် အကောင်းဆုံး ဂိမ်းကစားခြင်းအတွေ့အကြုံကို ရရှိစေမှာဖြစ်သည်။ ၃၇ ရက်ကျော်ကြာအသုံးခံသည့် 7700 mAh ဘက်ထရီနှင့် 22.5W Fast Charging တို့ပါဝင်သည့်အတွက်လည်း အလုပ်လုပ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ စာသင်ခြင်းတို့ကို စိတ်အေးချမ်းစွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။

လက်ရှိတွင် တက်ဘလက်များအား ရုံးပြင်ပတွင်အလုပ်လုပ်ခြင်း၊ စာသင်ခြင်းတို့တွင် များစွာအသုံးပြုနေကြပြီး တက်ဘလက်များအား ဖျော်ဖြေရေးအတွက်သာမက တစ်ကိုယ်ရေတိုးတက်မှုအတွက်ပါ အသုံးပြုနေကြပြီဖြစ်သည်။ အလုပ်ခွင်ရှိ လူငယ်လုပ်ငန်းရှင်များသည်လည်း ပိုမိုပေါ့ပါးပြီးအသုံးပြုရလွယ်ကူသော ဘက်စုံအသုံးပြုနိုင်သည့် ပစ္စည်းများကို ပိုမို အသုံးပြုလာကြပြီဖြစ်သည်။ HUAWEI MatePad 11.5” မှာ 3:2 high-refresh-rate မျက်နှာပြင်၊ Pro-level ရုံးသုံး ဆော့ဖ်ဝဲများနှင့် HarmonyOS 3.1 စနစ်တို့ပါဝင်သည့်အတွက် အသုံးပြုသူများအနေဖြင့် smart office အတွေ့အကြုံများကို ပိုမိုရရှိနိုင်မည်ဖြစ်သည်။

 

Media release: HUAWEI