Huawei က ၂၀၂၂ ခုနှစ်မှာ FreeBuds 4E ကို ရောင်းချခဲ့ပြီး အခုတော့ မျိုးဆက်သစ် FreeBuds 4E 2024 ကို ကြေညာလိုက်ပါတယ်။ မော်ဒယ်အသစ်မှာ အရင်မျိုးဆက်ရဲ့ လုပ်ဆောင်ချက် အများစု ဆက်လက်ပါဝင်လာပေမယ့် Battery သက်တမ်း ပိုကောင်းလာပါတယ်။

FreeBuds 4E 2024 မှာ အရင်မျိုးဆက်နဲ့ တူညီတဲ့ 14.3mm Dynamic Driver , 40KHz Frequency ကို အသုံးပြုထားပါတယ်။ Active Noise Cancellation 2.0 နည်းပညာ ထည့်သွင်းထားပြီး ဖုန်းပြောရင် အသံကြည်လင်ပြတ်သားစေဖို့ ENC (environmental noise cancellation) ပါပါတယ်။

သိသိသာသာ တိုးတက်လာတာက Battery သက်တမ်း ဖြစ်ပါတယ်။ Charging Case နဲ့ ပေါင်းလိုက်ရင် နားကြပ်ဟာ Noise Cancellation ကို ပိတ်ထားရင် သီချင်း ၂၆ နာရီ နားဆင်နိုင်ပါတယ်။ အရင်မျိုးဆက်မှာ ၂၂ နာရီပဲ အသုံးခံပါတယ်။ Active Noise Cancellation ဖွင့်ထားရင် ၁၇ နာရီ  အသုံးခံပါတယ်။ နားကြပ်ကို အားအပြည့်သွင်းဖို့ မိနစ် ၄၀ နဲ့ Case ကို အားအပြည့်သွင်းဖို့ မိနစ် ၆၀ ကြာမြင့်ပါတယ်။

နားကြပ်မှာ Bluetooth 5.2 ပါလာပြီး Device ၂ ခုနဲ့ တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။ Frost Silver နဲ့ Ceramic White အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Huawei FreeBuds 4E 2024 ကို တရုတ်မှာ ၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃၄၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။

Ref : gizmochina