Huawei က စွမ်းရည်သင့် nova Y90 ကို ကြေညာလိုက်ပြီး အရွယ်ကြီး မျက်နှာပြင်နဲ့ Snapdragon 680 Chipset ထည့်သွင်းထားပါတယ်။ ၆.၇ လက်မ Full HD+ LCD မျက်နှာပြင် ပါလာပြီး 90Hz Refresh Rate နဲ့ 270Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Huawei launches nova Y90 with a 50 MP triple camera

အနောက်ဘက်မှာ 50MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံးကို စက်ဝိုင်းပုံ အကွက်ထဲမှာ ထည့်သွင်းထားပြီး LED Flash ၁ လုံး ပါလာပါတယ်။

Huawei launches nova Y90 with a 50 MP triple camera

Huawei nova Y90 မှာ 5,000mAh ဘက်ထရီနဲ့ 40W SuperCharge ထည့်ထားပြီး မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ဆော့ဖ်ဝဲ အပိုင်းမှာ EMUI 12 မောင်းနှင်ထားပြီး Huawei က Android Version ကို မပြောသေးပါဘူး။ Huawei Computer Manager ကနေ Distributed File System ကို ထောက်ပံ့ပြီး MateBook Laptop ကို ကြိုးနဲ့ချိတ်စရာ မလိုဘဲ ဆက်သွယ်နိုင်ကာ ဖိုင်တွေ ရယူနိုင်ပါတယ်။

Huawei nova Y90 အတွက် 8GB RAM / 128GB Storage ၁ မျိုးပဲ ထုတ်လုပ်ထားပြီး Crystal Blue, Pearl White, Emerald Green နဲ့ Midnight Black ၃ ရောင် ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို Huawei က မပြောသေးပါဘူး။

Ref : gsmarena