Unicode

Huawei အတွက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ဟာ Google အပါအဝင် US ကုမ္ပဏီတွေအများအပြားရဲ့ ပိတ်ဆို့မှုကို ခံရတဲအတွက် ကံဆိုးတဲ့နှစ်တစ်နှစ်လို့ ပြောရမှာပါ။ ဒါပေမယ့်လည်း Huawei ရဲ့ စမတ်ဖုန်းတွေရောင်းချရမှုကတော့ လျော့နည်းသွားခြင်းမရှိခဲ့ပါဘူး။

အခု Huawei ကနေ ထုတ်ပြန်ချက်အရတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ Huawei ကနေ စမတ်ဖုန်းအလုံးရေ သန်း ၂၄၀ အထိ ရောင်းချရရပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းကထက် ပိုပြီး တိုးတက်လာတယ်လို့ ကြေညာခဲ့ပါတယ်။ အခုရောင်းချရတဲ့စမတ်ဖုန်းတွေထဲမှာ Flagship ဖုန်းတွေဖြစ်တဲ့ Huawei PSeries နဲ့ Mate Series ဖုန်းတွေက ပြီးခဲ့တဲ့ ၂၀၁၈ တုန်းကထက် ရောင်းအား ၅၀ ရာခိုင်နှုန်းအထိ တက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

Huawei Technologies ရဲ့ လက်ရှိ Chairman အနေနဲ့ တာဝန်ယူထားတဲ့ Xu Zhijun ကလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ဝင်ငွေအနေနဲ့ တရုတ်ယွမ်ငွေ ၈၅၀ ဘီလီယံခန့် ရရှိခဲ့တယ်လို့ သိရပြီး အဆိုပါ ပမာဏဟာ ဒေါ်လာ ၁၂၃ ဘီလီယံဝန်းကျင်ရှိပြီးတော့ ပြီးခဲတဲ့ ၂၀၁၈ တုန်းကထက် ၁၈ ရာခိုင်နှုန်းခန့် တိုးတက်လာတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် US ရဲ့ ပိတ်ဆို့မှုသာ မခံခဲ့ရရင်တော့ ဒီထက်ပိုပြီး ဝင်ငွေရရှိလာမှာကျိန်းသေသလောက်လို့ ပြောရမှာပါ။

Huawei ဟာ အခုအချိန်အထိ Google Services နဲ့ App တွေကို အသုံးပြုနိုင်ခြင်းမရှိသေးဘဲ ကိုယ်ပိုင် Huawei Mobile Services ကိုပဲ ဒီနှစ်ထွက်ရှိလာမယ့် စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် တရုတ်ပြည်တွင်းမှာတော့ ရောင်းအားထိခိုက်မှာမဟုတ်ပေမယ့်လည်း တခြားသော နိုင်ငံတွေမှာတော့ အနည်းနဲ့အများ အားနည်းချက်တစ်ခုဖြစ်နေဦးမှာပါ။

Wearable တွေအနေနဲ့လည်း Hauwei Watch GT2 ကို ၃ လအတွင်း အလုံးရေ ၂ သန်းခန့်ရောင်းချနိုင်ခဲ့သလို Huawei FreeBuds 3 Wireless Earbuds ကိုလည်း အရေအတွက် ၁ သန်းခန့် ရောင်းချပြီးပြီလို့ ထုတ်ပြန်သွားခဲ့ပါတယ်။

Ref – GSM Arena

Zawgyi

Huawei အတြက္ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ဟာ Google အပါအဝင္ US ကုမၸဏီေတြအမ်ားအျပားရဲ႕ ပိတ္ဆို႔မႈကို ခံရတဲအတြက္ ကံဆိုးတဲ့ႏွစ္တစ္ႏွစ္လို႔ ေျပာရမွာပါ။ ဒါေပမယ့္လည္း Huawei ရဲ႕ စမတ္ဖုန္းေတြေရာင္းခ်ရမႈကေတာ့ ေလ်ာ့နည္းသြားျခင္းမရွိခဲ့ပါဘူး။

အခု Huawei ကေန ထုတ္ျပန္ခ်က္အရေတာ့ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာ Huawei ကေန စမတ္ဖုန္းအလုံးေရ သန္း ၂၄၀ အထိ ေရာင္းခ်ရရၿပီးေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ တုန္းကထက္ ပိုၿပီး တိုးတက္လာတယ္လို႔ ေၾကညာခဲ့ပါတယ္။ အခုေရာင္းခ်ရတဲ့စမတ္ဖုန္းေတြထဲမွာ Flagship ဖုန္းေတြျဖစ္တဲ့ Huawei P Series နဲ႔ Mate Series ဖုန္းေတြက ၿပီးခဲ့တဲ့ ၂၀၁၈ တုန္းကထက္ ေရာင္းအား ၅၀ ရာခိုင္ႏႈန္းအထိ တက္လာတာျဖစ္တယ္လို႔လည္း သိရပါတယ္။

Huawei Technologies ရဲ႕ လက္ရွိ Chairman အေနနဲ႔ တာဝန္ယူထားတဲ့ Xu Zhijun ကလည္း ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာ ဝင္ေငြအေနနဲ႔ တ႐ုတ္ယြမ္ေငြ ၈၅၀ ဘီလီယံခန္႔ ရရွိခဲ့တယ္လို႔ သိရၿပီး အဆိုပါ ပမာဏဟာ ေဒၚလာ ၁၂၃ ဘီလီယံဝန္းက်င္ရွိၿပီးေတာ့ ၿပီးခဲတဲ့ ၂၀၁၈ တုန္းကထက္ ၁၈ ရာခိုင္ႏႈန္းခန္႔ တိုးတက္လာတယ္လို႔ သိရပါတယ္။ ဘာပဲျဖစ္ျဖစ္ US ရဲ႕ ပိတ္ဆို႔မႈသာ မခံခဲ့ရရင္ေတာ့ ဒီထက္ပိုၿပီး ဝင္ေငြရရွိလာမွာက်ိန္းေသသေလာက္လို႔ ေျပာရမွာပါ။

Huawei ဟာ အခုအခ်ိန္အထိ Google Services နဲ႔ App ေတြကို အသုံးျပဳႏိုင္ျခင္းမရွိေသးဘဲ ကိုယ္ပိုင္ Huawei Mobile Services ကိုပဲ ဒီႏွစ္ထြက္ရွိလာမယ့္ စမတ္ဖုန္းေတြမွာ ထည့္သြင္းေပးသြားမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ တ႐ုတ္ျပည္တြင္းမွာေတာ့ ေရာင္းအားထိခိုက္မွာမဟုတ္ေပမယ့္လည္း တျခားေသာ ႏိုင္ငံေတြမွာေတာ့ အနည္းနဲ႔အမ်ား အားနည္းခ်က္တစ္ခုျဖစ္ေနဦးမွာပါ။

Wearable ေတြအေနနဲ႔လည္း Hauwei Watch GT2 ကို ၃ လအတြင္း အလုံးေရ ၂ သန္းခန္႔ေရာင္းခ်ႏိုင္ခဲ့သလို Huawei FreeBuds 3 Wireless Earbuds ကိုလည္း အေရအတြက္ ၁ သန္းခန္႔ ေရာင္းခ်ၿပီးၿပီလို႔ ထုတ္ျပန္သြားခဲ့ပါတယ္။

Ref – GSM Arena