[Unicode]

ဒါရိုက်တာ အာကာနှင့် ဒါရိုက်တာ Wayne တို့က HUAWEI Mate 30 Pro အသုံးပြု ရိုက်ကူးခဲ့သည့် အတွေ့အကြုံအကြောင်း မျှ‌ဝေဆွေးနွေးသည့် Movie Workshop ကိုလည်း ပြုလုပ်ခဲ့သည်။

ဖွံ့ဖြိုးတိုးတက်လာသော စမတ်ဖုန်းနည်းပညာသည် ဓာတ်ပုံရိုက်ကူးမှုနည်းပညာကို တစ်ခေတ်ဆန်း စေခဲ့ရုံမျှမကပဲ ရုပ်ရှင်၊ဗီဒီယို ဖန်တီးမှုအတွက်ကိုပါ ခြေဆန့်လာခဲ့ပြီဖြစ်ပါသည်။ စမတ်ဖုန်းသည် လူတို့၏ နေ့စဉ်ရှင်သန်နေထိုင်မှု ဘဝတစ်စိပ်တစ်ပိုင်းအထိ ဖြစ်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရလည်း စမတ်ဖုန်းပိုင်ဆိုင်မှု အညွှန်းကိန်းများမှာ တစ်ရိပ်ရိက်မြင့်တက်လာနေခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စမတ်ဖုန်းအသုံးပြုသူပေါင်း ၅.၁၁ ဘီလီယျံအထိရှိလာခဲ့ပြီဖြစ်ပါသည်။ (၂၀၁၈ အညွှန်းကိန်းထပ် သန်း၁၀၀ တိုးတက်လာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ခြင်းဖြစ်ပါသည်။) အရှေ့တောင်အာရှဒေသသည် စမတ်ဖုန်းလောကအတွက် တိုးတက်မှုအမြန်ဆုံးဒေသတစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် အင်တာနက်အသုံးပြုသူပေါင်း သန်း၄၈၀ထိရှိလာမည်ဖြစ်ပြီး လူဦးရေအားဖြင့်ဆိုလျင် ဒေသတွင်း လူဦးရေ၏ ၉၀% ကျော်သည် စမတ်ဖုန်းပိုင်ဆိုင် လာမည်ဟု ခန့်မှန်းရပါသည်။

မိုဘိုင်းနည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်နှင့်အမျှ ရုပ်ရှင်၊ဗီဒီယို ဖန်တီးမှုအပိုင်းအတွက် တံခါးသစ်ပွင့်လစ်လာခဲ့ပြီး ရုပ်ရှင်၊ ဗီဒီယိုဖန်တီးမှုပိုင်းကို စိတ်ပါဝင်စားသူ၊ စိတ်အားထက်သန်သူများအနေနှင့် အနုပညာလက်ရာတစ်ခုကို ဖန်တီးနိုင်ရန် ရှေ့ယခင်ကာလများကဲ့သို့ ကန့်သက်ချက် ဘောင်အတားအစီးများ များစွာမရှိတော့ပဲ ကိုယ်ပိုင်ဆိုင်သည့် စမတ်ဖုန်းဖြင့်ပင် ကိုယ့်ရဲ့ စိတ်ကူးအတွေးစများကို အနုပညာလက်ရာတစ်ခု ဗီဒီယို၊ ရုပ်ရှင် အနေဖြင့် ဖန်တီးနိုင်သည့် အချိန်ကာလသို့ရောက်ရှိ နေပြီဖြစ်ပါသည်။

အဆင့်မြင့် နည်းပညာများ အချိန်နှင့်တစ်ပြေးညီ တိုးတက် ပြောင်းလဲလျက်ရှိနေသည့် ယနေ့ခေတ်တွင် စမတ်ဖုန်းတစ်လုံးအနေဖြင့် ဆက်သွယ်ပြောဆိုမှုနှင့် ဖျော်ဖြေရေးတို့ အတွက်သာမက အရည်အသွေးမြင့်မားပြီး ကြည်လင်ပြတ်သားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများကို ရိုက်ကူးပုံဖော် နိုင်ရန်အတွက်ပါ အထောက်အကူ ပြုလာပြီဖြစ်သည်။ ထိုနည်းတူ Mobile Photography လောကကိုလည်း ဦးဆောင်နေသည့် Huawei သည် တန်ဖိုးကြီး ပရော်ဖက်ရှင်နယ် ကင်မရာတစ်လုံးကဲ့သို့ ဓာတ်ပုံနှင့် ဗီဒီယိုများကို ရိုက်ကူးနိုင်သည့် ထိပ်တန်းအဆင့်မြင့် HUAWEI Mate 30 Pro စမတ်ဖုန်းကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံဈေးကွက်တွင် မိတ်ဆက်ပေးခဲ့ပြီး ဖြစ်သည်။

ဇန်နဝါရီလ ၁၉ရက်နေ့တွင် ပြုလုပ်ခဲ့သည့် Huawei Film Award Red carpet ပွဲတွင် Mate 30 Pro ဖြင့် ရိုက်ကူးထားသည့် Short Film နှစ်ကားအား ပြသခဲ့သည်။ ဒုတိယကမ္ဘာစစ် (ဂျပန်ခေတ်ကာလ) ကို အခြေခံရိုက်ကူးထားသည့် Unbreakable Bond Short Film အား ဒါရိုက်တာ ကိုအာကာ (Ar Kar Production) မှ ပုံဖော်ဖန်တီးခဲ့သည်။ ထိုဇာတ်ကားတွင် ချစ်သူနှစ်ဦးကြားထားရှိကြသည့် မပျက်ပြယ်သော သစ္စာ၊ မေတ္တာနှင့် စစ်ကြီးကာလအတွင်းနှင့် စစ်ပြီးကာလများတွင် အသက်ရှင်သန်နိုင်ရန် ခဲရာခဲဆစ် ရုန်းကန်ရပုံကို ရင်သပ်ရှုမောဖွယ် ရိုက်ချက်များဖြင့် စိတ်ဝင်စားဖွယ် ကောင်းအောင် ရိုက်ကူးပုံဖော်ထားသည်။ ဒုတိယ တစ်ကား အနေဖြင့် ဒါရိုက်တာ Wayne ရိုက်ကူးထားသည့် Relive Short Film အားပြသခဲ့သည်။ အဆိုပါကားမှာ လူတစ်ဦး၏ ပြောင်းလဲသွားသောနေထိုင်မှုဘဝပုံစံအကြောင်း နှင့် ဘဝအဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်စေရန် ရသအမျိုးမျိုးဖြင့် ခံစားကြည့်ရှုနိုင်ရန် ပုံဖော်ရိုက်ကူးထားပါသည်။

အဆိုပါ Huawei Film Award Red carpet အခမ်းအနားသို့ Huawei မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသူများ၊ ဒါရိုက်တာအာကာ၊ ဒါရိုက်တာ Wayne၊ ရဲနောင်၊ အောင်ရဲထိုက်၊ Bella၊ သီရိစိုး စသည့် အနုညာရှင်များ၊ HUAWEI Film Awards ၌ ပါဝင်ယှဉ်ပြိုင်လိုသူများ၊ စိတ်ပါဝင်စားကြသူများနှင့် သတင်းမီဒီယာများမှ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဇာတ်လမ်းတို ဖန်တီးပုံဖော်သူ ဒါရိုက်တာများနှင့် ပါဝင်ခဲ့သည့် သရုပ်ဆောင်များက HUAWEI Mate 30 Pro စမတ်ဖုန်းဖြင့် ဇာတ်လမ်းတိုများ ဖန်းတီးရိုက်ကူးခဲ့သည့် အတွေ့အကြုံများအကြောင်းကို မျှ‌ဝေဆွေးနွေးသည့် Huawei Film Workshop ကို ကျင်းပခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်များက HUAWEI Mate30 Pro ကို အသုံးပြုပြီး အဆင့်မြင့် ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးမှုပညာရပ်များအား လေ့လာနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် HUAWEI Film Awards ကို “Unbreakable Bond” ခေါင်းစဉ်အောက်မှ HUAWEI Mate30 Pro ဖြင့် ရိုက်ကူးထားသော (၃) မိနစ်မှ (၁၀) မိနစ်အတွင်းရှိ ဇာတ်လမ်းတိုဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇန်နဝါရီလ (၂၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၀) ရက်နေ့အထိ တင်သွင်းသွားရမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သူများထဲမှ ဒါရိုက်တာ အာကာ နှင့် ဒိုင်အဖွဲ့မှ ရွေးချယ်သော အကောင်းဆုနှင့် Voting အများဆုံးဆု ဆိုပြီး ဆုနှစ်ဆုပေးအပ်သွားမည်ဖြစ်၍ ဆုရရှိသူများကို HUAWEI Mate30 Pro ပေးအပ်သွားမည်ဖြစ်သည်။

Huawei Film Awards တွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည့် ဒါရိုက်တာအာကာ (Arkar Production) က “မိုဘိုင်းလ်ဖုန်းတွေက အရည်အသွေးမြင့် ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဖန်တီးလာနိုင်တယ်ဆိုတာ တကယ့်ကို နည်းပညာ တိုးတက်မှုတွေဆီကနေ ရရှိလာတဲ့ အသီးအပွင့်တွေပါပဲ။ ကျွန်တော်ကိုယ်တိုင် စမ်းသပ်ရိုက်ကူးဖန်တီးပြီးတဲ့နောက်မှာ မယုံကြည်နိုင်လောက်အောင်ကောင်းမွန်တဲ့ ရလဒ်ကို ရရှိခဲ့ပါတယ်။

ပရိသတ်တွေကော ပြိုင်ပွဲကိုစိတ်ပါဝင်စားသူတွေပါ ကြည့်ရှုခံစားနိုင်စေဖို့ ကျွန်တော် HUAWEI Mate 30 Pro နဲ့ ရိုက်ကူးထားတဲ့ Short Film ကို အခုလိုမျိုး ပါဝင်ပြသခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

Huawei Consumer Business Group ၏ Marketing Director တစ်ဦးဖြစ်သည့် မခင်ရတနာဝင်းက “ကျွန်မတို့ Huawei ကနေ မိုဘိုင်းလ်ဖုန်းနဲ့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုပညာရပ်ကို စိတ်ပါဝင်စားသူတွေ အတွက် ဗဟုသုတ အတွေ့အကြုံတွေ ‌ဝေမျှပေးနိုင်စေဖို့ Mobile Photography Workshop တွေကို အဆက်မပြတ် ပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် နောက်ဆုံးပေါ် HUAWEI Mate 30 Pro စမတ်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယို၊ ဇာတ်လမ်းတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ Huawei Film Awards ကို ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်။ အခုလိုမျိုး HUAWEI Mate 30 Pro ကိုသုံးပြီး အဆင့်မြင့်မားစွာ ဖန်တီးရိုက်ကူးထားတဲ့ Short Film တွေကို ရုပ်ရှင်ပိတ်ကား ထက်မှာ တင်ဆက်ပြသ နိုင်ခဲ့တဲ့အတွက် အထူးဝမ်းသာ ဂုဏ်ယူမိပါတယ်” ဟု ပြောကြားသွားခဲ့သည်။

HUAWEI Mate 30 Pro သည် ခေတ်မီဆန်းပြားသည့် သဘာဝဒီဇိုင်းဖြင့် ဖန်တီးပုံဖော်ထားပြီး မှော်ဆန်တဲ့ ဘေးဖက် အထိအတွေ့နဲ့ လုပ်ဆောင်ချက်များကို ပေးစွမ်းနိုင်မည့် ထောင့်စွန်းနှစ်ဖက်အထိ တိုးချဲ့ထားသည့် Ultra-Curved မျက်နှာပြင် တပ်ဆင်ပေးထားတဲ့ အနုပညာလက်ရာမြောက်တဲ့ စမတ်ဖုန်းတစ်ခုပင်ဖြစ်သည်။ Mate 30 Pro ရဲ့ ပိုမိုထူးခြားတဲ့ အချက်ကတော့ သဘာဝရဲ့ ရင်သပ်ရှုမောဖွယ်ရာ အလှတရားများကို အမိအရ မှတ်တမ်းတင် ရိုက်ကူးပြီး အဆုံးအစမဲ့တဲ့ ဖြစ်နိုင်ခြေတွေကို စိတ်တိုင်းကျဖန်တီးပေးနိုင်မယ့် အသစ်စက်စက် ကင်မရာ ၄ လုံးပါ SuperSensing Cine Camera စနစ်ပင်ဖြစ်သည်။

HUAWEI Mate 30 Pro ရဲ့ ပင်မကင်မရာစုံတွဲအနက် 40MP ပုံထွက်နှုန်းရှိသည့် Cine Camera ဟာဆိုရင် Ultra-Slow Motion ရိုက်ကူးမှုနှင့် Ultra-Wide Time-lapse ရိုက်ကူးမှုစသည့် ပြုလုပ်နိုင်ပြီး ပူးတွဲကင်မရာဖြစ်သည့် 40MP ပုံထွက်နှုန်းရှိသည့် Ultra Low-light ရိုက်ကူးမှုပြုလုပ်နိုင်သည့် SuperSensing Camera နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ထူးခြားတဲ့ ဓာတ်ပုံနှင့် ဗီဒီယိုများကို ရိုက်ကူးနိုင်မည် ဖြစ်သည်။ ဒါ့အပြင် 8MP ပုံထွက်နှုန်းရှိပြီး 3x Optical Zoon၊ 5x Hybrid Zoom နှင့် 30x Digital Zoom တို့နဲ့ အဝေးမှ စိတ်လှုပ်ရှားဖွယ်ရာ ပုံရိပ်တွေကို ရိုက်ကူးနိုင်မည့် Telephoto Camera နဲ့ Portrait ဓာတ်ပုံနှင့် ဗီဒီယိုများကို Professional ဆန်တဲ့ Bokeh Effect များ ထည့်သွင်းရိုက်ကူးနိုင်မည့် 3D Depth Sensing Camera တို့လည်း တပ်ဆင်ပေးထားခြင်းကြောင့် HUAWEI Mate 30 Pro သည် အနာဂတ်ရဲ့ ဖြစ်နိုင်ခြေအသစ်များကို အပြည့်အဝ ခံစားရရှိစေနိုင်မည့် ပြီးပြည့်စုံတဲ့ စမတ်ဖုန်းတစ်ခုပင် ဖြစ်သည်။

HUAWEI အနေနှင့် Short Film Production ပိုင်းကို စိတ်အားထက်သန်သော စိတ်ဝင်စားသူတို့အတွက် Asia Pacific ဒေသတွင်းပြိုင်ပွဲကို ကျင်းပပေးသွားဦးမည် ဖြစ်ပါသည်။ HUAWEI Film Awards ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် ဒေသတွင်းနိုင်ငံများမှ စိတ်ပါဝင်စားသူများ အနေနှင့် HUAWEI စမတ်ဖုန်းများဖြင့် ရိုက်ကူးဖန်တီးထားသော ရုပ်ရှင်များဖြင့် ပြိုင်ပွဲဝင်နိုင်မည်ဖြစ်ပါသည်။ ဒေသတွင်း ထိုင်း၊မြန်မာ၊မလေးရှား၊ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိသည့် ဒေသတွင်းမှ ရွက်ပုန်းသီးလူငယ်များကို အနုပညာလောကတွင် မြေတောင်မြှောက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ ဒေသတွင်း HUAWEI Film Awards (HFA) ပြိုင်ပွဲသို့ မည်သည့် HUAWEI ဖုန်းဖြင့်မဆို ရိုက်ကူးထားသော စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်သည့် Short Film များကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မတိုင်မီ ပေးပို့ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။ ဒေသတွင်းပြိုင်ပွဲအကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများကို အောက်ဖော်ပြပါ Link တွင် လေ့လာနိုင်ပါသည်။

https://consumer.huawei.com/my/campaign/film-awards/

[Zawgyi]

HUAWEI Mate 30 Pro ျဖင့္ ႐ိုက္ကူးထားသည့္ ဇာတ္လမ္းတို (Short Film) တင္ဆက္ျပသသည့္ Red Carpet Show က်င္းပျပဳလုပ္

ဒါ႐ိုက္တာ အာကာႏွင့္ ဒါ႐ိုက္တာ Wayne တို႔က HUAWEI Mate 30 Pro အသုံးျပဳ ႐ိုက္ကူးခဲ့သည့္ အေတြ႕အၾကဳံအေၾကာင္း မွ်‌ေဝေဆြးေႏြးသည့္ Movie Workshop ကိုလည္း ျပဳလုပ္ခဲ့သည္။

ဖြံ႕ၿဖိဳးတိုးတက္လာေသာ စမတ္ဖုန္းနည္းပညာသည္ ဓာတ္ပုံ႐ိုက္ကူးမႈနည္းပညာကို တစ္ေခတ္ဆန္း ေစခဲ့႐ုံမွ်မကပဲ ႐ုပ္႐ွင္၊ဗီဒီယို ဖန္တီးမႈအတြက္ကိုပါ ေျခဆန္႔လာခဲ့ၿပီျဖစ္ပါသည္။ စမတ္ဖုန္းသည္ လူတို႔၏ ေန႔စဥ္႐ွင္သန္ေနထိုင္မႈ ဘဝတစ္စိပ္တစ္ပိုင္းအထိ ျဖစ္လာခဲ့သည္မွာ ၾကာျမင့္ခဲ့ၿပီျဖစ္ပါသည္။ တစ္ကမ႓ာလုံးအတိုင္းအတာအရလည္း စမတ္ဖုန္းပိုင္ဆိုင္မႈ အၫႊန္းကိန္းမ်ားမွာ တစ္ရိပ္ရိက္ျမင့္တက္လာေနခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ စမတ္ဖုန္းအသုံးျပဳသူေပါင္း ၅.၁၁ ဘီလီယ်ံအထိ႐ွိလာခဲ့ၿပီျဖစ္ပါသည္။ (၂၀၁၈ အၫႊန္းကိန္းထပ္ သန္း၁၀၀ တိုးတက္လာခဲ့ၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၂ ရာခိုင္ႏႈန္းတိုးတက္လာခဲ့ျခင္းျဖစ္ပါသည္။) အေ႐ွ႕ေတာင္အာ႐ွေဒသသည္ စမတ္ဖုန္းေလာကအတြက္ တိုးတက္မႈအျမန္ဆုံးေဒသတစ္ခုျဖစ္ၿပီး ၂၀၂၀ ခုႏွစ္တြင္ အင္တာနက္အသုံးျပဳသူေပါင္း သန္း၄၈၀ထိ႐ွိလာမည္ျဖစ္ၿပီး လူဦးေရအားျဖင့္ဆိုလ်င္ ေဒသတြင္း လူဦးေရ၏ ၉၀% ေက်ာ္သည္ စမတ္ဖုန္းပိုင္ဆိုင္ လာမည္ဟု ခန္႔မွန္းရပါသည္။

မိုဘိုင္းနည္းပညာမ်ား အ႐ွိန္အဟုန္ျဖင့္ တိုးတက္လာေနသည္ႏွင့္အမွ် ႐ုပ္႐ွင္၊ဗီဒီယို ဖန္တီးမႈအပိုင္းအတြက္ တံခါးသစ္ပြင့္လစ္လာခဲ့ၿပီး ႐ုပ္႐ွင္၊ ဗီဒီယိုဖန္တီးမႈပိုင္းကို စိတ္ပါဝင္စားသူ၊ စိတ္အားထက္သန္သူမ်ားအေနႏွင့္ အႏုပညာလက္ရာတစ္ခုကို ဖန္တီးႏိုင္ရန္ ေ႐ွ႕ယခင္ကာလမ်ားကဲ့သို႔ ကန္႔သက္ခ်က္ ေဘာင္အတားအစီးမ်ား မ်ားစြာမ႐ွိေတာ့ပဲ ကိုယ္ပိုင္ဆိုင္သည့္ စမတ္ဖုန္းျဖင့္ပင္ ကိုယ့္ရဲ႕ စိတ္ကူးအေတြးစမ်ားကို အႏုပညာလက္ရာတစ္ခု ဗီဒီယို၊ ႐ုပ္႐ွင္ အေနျဖင့္ ဖန္တီးႏိုင္သည့္ အခ်ိန္ကာလသို႔ေရာက္႐ွိ ေနၿပီျဖစ္ပါသည္။

အဆင့္ျမင့္ နည္းပညာမ်ား အခ်ိန္ႏွင့္တစ္ေျပးညီ တိုးတက္ ေျပာင္းလဲလ်က္႐ွိေနသည့္ ယေန႔ေခတ္တြင္ စမတ္ဖုန္းတစ္လုံးအေနျဖင့္ ဆက္သြယ္ေျပာဆိုမႈႏွင့္ ေဖ်ာ္ေျဖေရးတို႔ အတြက္သာမက အရည္အေသြးျမင့္မားၿပီး ၾကည္လင္ျပတ္သားသည့္ ဓာတ္ပုံႏွင့္ ဗီဒီယိုမ်ားကို ႐ိုက္ကူးပုံေဖာ္ ႏိုင္ရန္အတြက္ပါ အေထာက္အကူ ျပဳလာၿပီျဖစ္သည္။ ထိုနည္းတူ Mobile Photography ေလာကကိုလည္း ဦးေဆာင္ေနသည့္ Huawei သည္ တန္ဖိုးႀကီး ပေရာ္ဖက္႐ွင္နယ္ ကင္မရာတစ္လုံးကဲ့သို႔ ဓာတ္ပုံႏွင့္ ဗီဒီယိုမ်ားကို ႐ိုက္ကူးႏိုင္သည့္ ထိပ္တန္းအဆင့္ျမင့္ HUAWEI Mate 30 Pro စမတ္ဖုန္းကို ၿပီးခဲ့သည့္ ႏိုဝင္ဘာလအတြင္းက ျမန္မာႏိုင္ငံေဈးကြက္တြင္ မိတ္ဆက္ေပးခဲ့ၿပီး ျဖစ္သည္။

ဇန္နဝါရီလ ၁၉ရက္ေန႔တြင္ ျပဳလုပ္ခဲ့သည့္ Huawei Film Award Red carpet ပြဲတြင္ Mate 30 Pro ျဖင့္ ႐ိုက္ကူးထားသည့္ Short Film ႏွစ္ကားအား ျပသခဲ့သည္။ ဒုတိယကမ႓ာစစ္ (ဂ်ပန္ေခတ္ကာလ) ကို အေျခခံ႐ိုက္ကူးထားသည့္ Unbreakable Bond Short Film အား ဒါ႐ိုက္တာ ကိုအာကာ (Ar Kar Production) မွ ပုံေဖာ္ဖန္တီးခဲ့သည္။ ထိုဇာတ္ကားတြင္ ခ်စ္သူႏွစ္ဦးၾကားထား႐ွိၾကသည့္ မပ်က္ျပယ္ေသာ သစၥာ၊ ေမတၱာႏွင့္ စစ္ႀကီးကာလအတြင္းႏွင့္ စစ္ၿပီးကာလမ်ားတြင္ အသက္႐ွင္သန္ႏိုင္ရန္ ခဲရာခဲဆစ္ ႐ုန္းကန္ရပုံကို ရင္သပ္႐ႈေမာဖြယ္ ႐ိုက္ခ်က္မ်ားျဖင့္ စိတ္ဝင္စားဖြယ္ ေကာင္းေအာင္ ႐ိုက္ကူးပုံေဖာ္ထားသည္။ ဒုတိယ တစ္ကား အေနျဖင့္ ဒါ႐ိုက္တာ Wayne ႐ိုက္ကူးထားသည့္ Relive Short Film အားျပသခဲ့သည္။ အဆိုပါကားမွာ လူတစ္ဦး၏ ေျပာင္းလဲသြားေသာေနထိုင္မႈဘဝပုံစံအေၾကာင္း ႏွင့္ ဘဝအဓိပၸာယ္ကို နားလည္သေဘာေပါက္ႏိုင္ေစရန္ ရသအမ်ိဳးမ်ိဳးျဖင့္ ခံစားၾကည့္႐ႈႏိုင္ရန္ ပုံေဖာ္႐ိုက္ကူးထားပါသည္။

အဆိုပါ Huawei Film Award Red carpet အခမ္းအနားသို႔ Huawei မွ တာဝန္႐ွိသူမ်ား၊ အထူးဖိတ္ၾကားထားသူမ်ား၊ ဒါ႐ိုက္တာအာကာ၊ ဒါ႐ိုက္တာ Wayne၊ ရဲေနာင္၊ ေအာင္ရဲထိုက္၊ Bella၊ သီရိစိုး စသည့္ အႏုညာ႐ွင္မ်ား၊ HUAWEI Film Awards ၌ ပါဝင္ယွဥ္ၿပိဳင္လိုသူမ်ား၊ စိတ္ပါဝင္စားၾကသူမ်ားႏွင့္ သတင္းမီဒီယာမ်ားမွ စုံလင္စြာ တက္ေရာက္ခဲ့ၾကသည္။

ထို႔ေနာက္ ဇာတ္လမ္းတို ဖန္တီးပုံေဖာ္သူ ဒါ႐ိုက္တာမ်ားႏွင့္ ပါဝင္ခဲ့သည့္ သ႐ုပ္ေဆာင္မ်ားက HUAWEI Mate 30 Pro စမတ္ဖုန္းျဖင့္ ဇာတ္လမ္းတိုမ်ား ဖန္းတီး႐ိုက္ကူးခဲ့သည့္ အေတြ႕အၾကဳံမ်ားအေၾကာင္းကို မွ်‌ေဝေဆြးေႏြးသည့္ Huawei Film Workshop ကို က်င္းပခဲ့ၿပီး တက္ေရာက္လာသည့္ ဧည့္သည္မ်ားက HUAWEI Mate30 Pro ကို အသုံးျပဳၿပီး အဆင့္ျမင့္ ႐ုပ္႐ွင္၊ ဗီဒီယို႐ိုက္ကူးမႈပညာရပ္မ်ားအား ေလ့လာႏိုင္ခဲ့သည္။

ျမန္မာႏိုင္ငံတြင္ က်င္းပျပဳလုပ္မည့္ HUAWEI Film Awards ကို “Unbreakable Bond” ေခါင္းစဥ္ေအာက္မွ HUAWEI Mate30 Pro ျဖင့္ ႐ိုက္ကူးထားေသာ (၃) မိနစ္မွ (၁၀) မိနစ္အတြင္း႐ွိ ဇာတ္လမ္းတိုျဖင့္ ပါဝင္ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး ဇန္နဝါရီလ (၂၀) ရက္ေန႔မွ ေဖေဖာ္ဝါရီလ (၂၀) ရက္ေန႔အထိ တင္သြင္းသြားရမည္ျဖစ္သည္။ ပါဝင္ယွဥ္ၿပိဳင္သူမ်ားထဲမွ ဒါ႐ိုက္တာ အာကာ ႏွင့္ ဒိုင္အဖြဲ႕မွ ေ႐ြးခ်ယ္ေသာ အေကာင္းဆုႏွင့္ Voting အမ်ားဆုံးဆု ဆိုၿပီး ဆုႏွစ္ဆုေပးအပ္သြားမည္ျဖစ္၍ ဆုရ႐ွိသူမ်ားကို HUAWEI Mate30 Pro ေပးအပ္သြားမည္ျဖစ္သည္။

Huawei Film Awards တြင္ အကဲျဖတ္ဒိုင္အျဖစ္ ပါဝင္မည့္ ဒါ႐ိုက္တာအာကာ (Arkar Production) က “မိုဘိုင္းလ္ဖုန္းေတြက အရည္အေသြးျမင့္ ဓာတ္ပုံ၊ ဗီဒီယိုေတြကို ဖန္တီးလာႏိုင္တယ္ဆိုတာ တကယ့္ကို နည္းပညာ တိုးတက္မႈေတြဆီကေန ရ႐ွိလာတဲ့ အသီးအပြင့္ေတြပါပဲ။ ကြၽန္ေတာ္ကိုယ္တိုင္ စမ္းသပ္႐ိုက္ကူးဖန္တီးၿပီးတဲ့ေနာက္မွာ မယုံၾကည္ႏိုင္ေလာက္ေအာင္ေကာင္းမြန္တဲ့ ရလဒ္ကို ရ႐ွိခဲ့ပါတယ္။

ပရိသတ္ေတြေကာ ၿပိဳင္ပြဲကိုစိတ္ပါဝင္စားသူေတြပါ ၾကည့္႐ႈခံစားႏိုင္ေစဖို႔ ကြၽန္ေတာ္ HUAWEI Mate 30 Pro နဲ႔ ႐ိုက္ကူးထားတဲ့ Short Film ကို အခုလိုမ်ိဳး ပါဝင္ျပသခဲ့တာ ျဖစ္ပါတယ္” ဟု ေျပာၾကားသြားခဲ့သည္။

Huawei Consumer Business Group ၏ Marketing Director တစ္ဦးျဖစ္သည့္ မခင္ရတနာဝင္းက “ကြၽန္မတို႔ Huawei ကေန မိုဘိုင္းလ္ဖုန္းနဲ႔ ဓာတ္ပုံ၊ ဗီဒီယို ႐ိုက္ကူးမႈပညာရပ္ကို စိတ္ပါဝင္စားသူေတြ အတြက္ ဗဟုသုတ အေတြ႕အၾကဳံေတြ ‌ေဝမွ်ေပးႏိုင္ေစဖို႔ Mobile Photography Workshop ေတြကို အဆက္မျပတ္ ျပဳလုပ္ခဲ့ပါတယ္။ အခုဆိုရင္ ေနာက္ဆုံးေပၚ HUAWEI Mate 30 Pro စမတ္ဖုန္းနဲ႔ ႐ိုက္ကူးထားတဲ့ ဗီဒီယို၊ ဇာတ္လမ္းေတြနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္တဲ့ Huawei Film Awards ကို ေပးအပ္သြားဖို႔ စီစဥ္ထားပါတယ္။ အခုလိုမ်ိဳး HUAWEI Mate 30 Pro ကိုသုံးၿပီး အဆင့္ျမင့္မားစြာ ဖန္တီး႐ိုက္ကူးထားတဲ့ Short Film ေတြကို ႐ုပ္႐ွင္ပိတ္ကား ထက္မွာ တင္ဆက္ျပသ ႏိုင္ခဲ့တဲ့အတြက္ အထူးဝမ္းသာ ဂုဏ္ယူမိပါတယ္” ဟု ေျပာၾကားသြားခဲ့သည္။

HUAWEI Mate 30 Pro သည္ ေခတ္မီဆန္းျပားသည့္ သဘာဝဒီဇိုင္းျဖင့္ ဖန္တီးပုံေဖာ္ထားၿပီး ေမွာ္ဆန္တဲ့ ေဘးဖက္ အထိအေတြ႕နဲ႔ လုပ္ေဆာင္ခ်က္မ်ားကို ေပးစြမ္းႏိုင္မည့္ ေထာင့္စြန္းႏွစ္ဖက္အထိ တိုးခ်ဲ႕ထားသည့္ Ultra-Curved မ်က္ႏွာျပင္ တပ္ဆင္ေပးထားတဲ့ အႏုပညာလက္ရာေျမာက္တဲ့ စမတ္ဖုန္းတစ္ခုပင္ျဖစ္သည္။ Mate 30 Pro ရဲ႕ ပိုမိုထူးျခားတဲ့ အခ်က္ကေတာ့ သဘာဝရဲ႕ ရင္သပ္႐ႈေမာဖြယ္ရာ အလွတရားမ်ားကို အမိအရ မွတ္တမ္းတင္ ႐ိုက္ကူးၿပီး အဆုံးအစမဲ့တဲ့ ျဖစ္ႏိုင္ေျခေတြကို စိတ္တိုင္းက်ဖန္တီးေပးႏိုင္မယ့္ အသစ္စက္စက္ ကင္မရာ ၄ လုံးပါ SuperSensing Cine Camera စနစ္ပင္ျဖစ္သည္။

HUAWEI Mate 30 Pro ရဲ႕ ပင္မကင္မရာစုံတြဲအနက္ 40MP ပုံထြက္ႏႈန္း႐ွိသည့္ Cine Camera ဟာဆိုရင္ Ultra-Slow Motion ႐ိုက္ကူးမႈႏွင့္ Ultra-Wide Time-lapse ႐ိုက္ကူးမႈစသည့္ ျပဳလုပ္ႏိုင္ၿပီး ပူးတြဲကင္မရာျဖစ္သည့္ 40MP ပုံထြက္ႏႈန္း႐ွိသည့္ Ultra Low-light ႐ိုက္ကူးမႈျပဳလုပ္ႏိုင္သည့္ SuperSensing Camera နဲ႔ ေပါင္းစပ္လိုက္တဲ့အခါ ထူးျခားတဲ့ ဓာတ္ပုံႏွင့္ ဗီဒီယိုမ်ားကို ႐ိုက္ကူးႏိုင္မည္ ျဖစ္သည္။ ဒါ့အျပင္ 8MP ပုံထြက္ႏႈန္း႐ွိၿပီး 3x Optical Zoon၊ 5x Hybrid Zoom ႏွင့္ 30x Digital Zoom တို႔နဲ႔ အေဝးမွ စိတ္လႈပ္႐ွားဖြယ္ရာ ပုံရိပ္ေတြကို ႐ိုက္ကူးႏိုင္မည့္ Telephoto Camera နဲ႔ Portrait ဓာတ္ပုံႏွင့္ ဗီဒီယိုမ်ားကို Professional ဆန္တဲ့ Bokeh Effect မ်ား ထည့္သြင္း႐ိုက္ကူးႏိုင္မည့္ 3D Depth Sensing Camera တို႔လည္း တပ္ဆင္ေပးထားျခင္းေၾကာင့္ HUAWEI Mate 30 Pro သည္ အနာဂတ္ရဲ႕ ျဖစ္ႏိုင္ေျခအသစ္မ်ားကို အျပည့္အဝ ခံစားရ႐ွိေစႏိုင္မည့္ ၿပီးျပည့္စုံတဲ့ စမတ္ဖုန္းတစ္ခုပင္ ျဖစ္သည္။

HUAWEI အေနႏွင့္ Short Film Production ပိုင္းကို စိတ္အားထက္သန္ေသာ စိတ္ဝင္စားသူတို႔အတြက္ Asia Pacific ေဒသတြင္းၿပိဳင္ပြဲကို က်င္းပေပးသြားဦးမည္ ျဖစ္ပါသည္။ HUAWEI Film Awards ၿပိဳင္ပြဲကို ပထမဦးဆုံးအႀကိမ္ က်င္းပျပဳလုပ္ခဲ့ၿပီး လက္႐ွိအခ်ိန္တြင္ ေဒသတြင္းႏိုင္ငံမ်ားမွ စိတ္ပါဝင္စားသူမ်ား အေနႏွင့္ HUAWEI စမတ္ဖုန္းမ်ားျဖင့္ ႐ိုက္ကူးဖန္တီးထားေသာ ႐ုပ္႐ွင္မ်ားျဖင့္ ၿပိဳင္ပြဲဝင္ႏိုင္မည္ျဖစ္ပါသည္။ ေဒသတြင္း ထိုင္း၊ျမန္မာ၊မေလး႐ွား၊ဖိလစ္ပိုင္၊ ဗီယက္နမ္ အစ႐ွိသည့္ ေဒသတြင္းမွ ႐ြက္ပုန္းသီးလူငယ္မ်ားကို အႏုပညာေလာကတြင္ ေျမေတာင္ေျမႇာက္ေပးႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ က်င္းပျခင္းျဖစ္ပါသည္။ ေဒသတြင္း HUAWEI Film Awards (HFA) ၿပိဳင္ပြဲသို႔ မည္သည့္ HUAWEI ဖုန္းျဖင့္မဆို ႐ိုက္ကူးထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ညီၫြတ္သည့္ Short Film မ်ားကို ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔မတိုင္မီ ေပးပို႔ယွဥ္ၿပိဳင္ႏိုင္မည္ျဖစ္ပါသည္။ ေဒသတြင္းၿပိဳင္ပြဲအေၾကာင္းႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို ေအာက္ေဖာ္ျပပါ Link တြင္ ေလ့လာႏိုင္ပါသည္။

https://consumer.huawei.com/my/campaign/film-awards/