Huawei ရဲ့ Mate 40 နဲ့ Samsung ရဲ့ Galaxy Tab S7 စီးရီးတွေဟာ မကြာခင်မှာ အသီးသီး မိတ်ဆက်လာဖို့ ပြင်ဆင်နေကြတဲ့ Device တွေပဲ ဖြစ်ကြပါတယ်။ ဒီ Device တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေလည်း နေရာစုံကနေ ပေါက်ကြားပြီးဖြစ်ပေမယ့် တရုတ် 3C ပေါ်မှာတော့ အခုမှ တွေ့မြင်ရတာပါ။

3C မှာတွေ့မြင်ရတဲ့အချက်တွေအနက် စိတ်ဝင်စားစရာကောင်းတာတွေက ဒီ Device တွေရဲ့ အားသွင်းမြန်နှုန်းတွေပါ။ Hauwei ရဲ့ Charger ဟာ 66W (11V/6A) ဖြစ်ပေမယ့် 40W (10V/4A) ကိုလည်း ထောက်ပံ့ပေးတာ တွေ့ရပါတယ်။ ဒါကြောင့် Charger ဟာ ကုမ္ပဏီရဲ့ လက်ရှိ 40W SuperCharge စမတ်ဖုန်းတွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါလိမ့်မယ်။

ဒီ Charger ကို Huawei Mate 40 စီးရီးနဲ့အတူ တွဲလျက်ထုတ်လာပေးမလားဆိုတာတော့ မသိနိုင်သေးပါဘူး။ အကယ်၍ တွဲဖက်ပြီးထွက်လာမယ်ဆိုရင်လည်း ကုမ္ပဏီရဲ့ အားသွင်းအမြန်ဆုံး ဖြစ်လာမလားဆိုတာကို စောင့်ကြည့် စမ်းသပ်ကြရဦးမှာပါ။

Samsung ကလည်း Galaxy Tab S7 နဲ့ S7+ တက်ဘလက်တွေကို ဖြန့်ချိဖို့ အသင့်ဖြစ်နေပါပြီ။ ဒါကြောင့် ဒီတက်ဘလက်တွေအတွက် အားသွင်းနှုန်းကို Specs စာရင်းထဲ ထည့်သွင်းလို့ရပါပြီ။ Galaxy Tab S7+ ကတော့ 10,000mAh ဘက်ထရီနဲ့ဖြစ်ပြီး Vanilla ဗားရှင်းကတော့ 7,700mAh ပမာဏနဲ့ ဖြစ်ပါတယ်။ တက်ဘလက်နှစ်မျိုးစလုံးဟာ 15W အမြန်အားသွင်းစနစ်တွေနဲ့ ဖြစ်ပါတယ်။

Ref: GSMArena