Huawei ဟာ အခုအချိန်မှာ နောက်ထပ် Flagship Series ဖုန်းတွေဖြစ်တဲ့ Mate 40 Series ဖုန်းတွေကို မိက်ဆက်ဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။ အစောပိုင်းသိရှိရတဲ့သတင်းတွေအရ TSMC ရဲ့ Chip ထောက်ပံ့မှုရပ်ဆိုင်းလိုက်တဲ့အတွက် မိတ်ဆက်မယ့်အချိန်ကို ရွေ့ဆိုင်းနိုင်တယ်လို့တောင် ခန့်မှန်းထားကြတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Huawei Consumer Business CEO နဲ့ Huawei Executive Director ဖြစ်တဲ့ Richard Yu ကနေ Huawei Mate 40 Series ဖုန်းတွေကို လာမယ့်အောက်တိုဘာလ ၂၂ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး Weibo စာမျက်နှာမှာကြေညာလိုက်ပါတယ်။

Teaser ဓါတ်ပုံနဲ့ Video တွေအရတော့ ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာမလဲဆိုတာကိုတေ့ာ ခန့်မှန်းဖို့ ခက်ခဲနေပါသေးတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ Telephoto Sensor ပိုင်းမှာ သိသိသာသာ တိုးတက်မှုတွေရှိလာမယ်လို့ ယူဆရပါတယ်။

လက်ရှိသိထားသလောက်ကတော့ Huawei Mate 40 Series ဖုန်းတွေဟာ TSMC ရဲ့ 5nm Architecture ကို အခြေခံထားတဲ့ Kirin 9000 Chipset နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ ဖုန်းတွေအနေနဲ့ကတော့ Huawei Mate 40 ၊ Mate 40 Pro နဲ့ Mate 40 Pro+ ဆိုပြီး အနည်းဆုံး ၃ မျိုး ထွက်ရှိလာဖို့များနေပါတယ်။ Camera ပိုင်းမှာလည်း ပထမဆုံးအကြိမ်အနေနဲ့ 108MP Primary Sensor ကိုပါ အသုံးပြုလာနိုင်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei Mate 40 Series ဟာ HarmonyOS ကိုပါ နောက်ပိုင်းမှာ အသုံးပြုလာနိုင်သလို Kirin 9000 Chipset အရေအတွက် အကန့်အသတ်ရှိနေတဲ့အတွက် Global စျေးကွက်အတွက် မတူညီတဲ့ Chipset ကိုလည်း အသုံးပြုလာနိုင်ပါတယ်။

Ref – GSM Arena