Huawei က စွမ်းရည်မြင့် Mate 40 Series တွေကို တရားဝင် ချပြလိုက်ပါတယ်။ Mate 40 , Mate 40 Pro နဲ့ Mate 40 Pro+ တို့ ပါဝင်ပြီး Chipset ၊ ကင်မရာနဲ့ Fast Charging တွေက အရင်မျိုးဆက်ထက် အများကြီး တိုးတက်လာပါတယ်။ Mate 40 အကြောင်းကို တခြား သတင်း ၁ ပုဒ်မှာ တင်ပြပြီးပြီ ဖြစ်တဲ့အတွက် Mate 40 Pro နဲ့ Pro+ အကြောင်းကိုပဲ ပြောပြချင်ပါတယ်။

Huawei Mate 40 Pro, Pro+ and RS unveiled with 6.76'' 90 Hz displays, 50 MP main camera

Mate 40 Pro နဲ့ Pro+ မှာ ၆.၇၆ လက်မ Flex OLED 2722x1344p မျက်နှာပြင်၊ 90Hz Refresh Rate နဲ့ 240Hz Touch Sampling Rate တွေ ထည့်သွင်းထားပြီး မျက်နှာပြင်ဟာ ရိုးရိုး Mate 40 ထက် ပိုကွေးညွှတ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 120Hz Refresh Rate အစား 90Hz ပဲ သုံးထားတာက ဘက်ထရီကြောင့်လို့ Huawei က ရှင်းပြပါတယ်။

Huawei Mate 40 Pro, Pro+ and RS unveiled with 6.76'' 90 Hz displays, 50 MP main camera

ကင်မရာတွေ အကြောင်းပြောရရင် Mate 40 Pro မှာ 50MP Main (OIS) , 20MP Cine (Ultrawide Angle) နဲ့ 12MP Telephoto (OIS) နဲ့ 125mm Periscope (5x Optical Zoom) ပါလာပါတယ်။ Pro+ မှာ တူညီတဲ့ 50MP Main , 20MP Ultrawide Cine ကင်မရာတွေ ပါလာပေမယ့် 8MP Periscope က 10x Optical Zoom အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ 12MP Telephoto (3x Zoom) လည်း ထည့်ထားပါတယ်။ Huawei က Pro+ ဟာ 17x Optical Zoom အထိ စွမ်းဆောင်နိုင်တယ်လို့ ပြောပြီး Depth Sensing အတွက် ToF ကင်မရာ ၁ လုံး ထည့်ထားပါတယ်။

Huawei Mate 40 Pro, Pro+ and RS unveiled with 6.76'' 90 Hz displays, 50 MP main camera

Mate 40 Pro နဲ့ Pro+ ရဲ့ အရှေ့ဘက်မှာ 13MP နဲ့ 3D Depth Sensing ကင်မရာတွေ ပါလာပြီး Motion Gesture နဲ့ Face Unlock အတွက် အသုံးဝင်ပါတယ်။ အရှေ့ဘက်မှာ Ultrawide Angle Mode လည်း ထောက်ပံ့ထားပါတယ်။

Huawei Mate 40 Pro, Pro+ and RS unveiled with 6.76'' 90 Hz displays, 50 MP main camera

Mate 40 Pro ၂ လုံးမှာ Kirin 9000 5nm Chipset မောင်းနှင်ထားပြီး 5G Modem ပါပါတယ်။ Huawei က ကမ္ဘာ့ စွမ်းရည် အမြင့်ဆုံး Chipset လို့ ပြောပါတယ်။  ၁၅.၃ ဘီလီယမ် Transistors ပါပြီး Apple Bionic 14 ထက် ၃၀ ရာခိုင်နှုန်း ပိုများတယ်လို့ ပြောပါတယ်။ Snapdragon 865+ ထက် စွမ်းအင် စားသုံးမှု နည်းပါးတယ်လို့ Huawei က ကြွေးကြော်ထားပါတယ်။

Huawei Mate 40 Pro, Pro+ and RS unveiled with 6.76'' 90 Hz displays, 50 MP main camera

Mate 40 Pro ၂ လုံးမှာ 66W Wired SuperCharge နဲ့ 50W Wireless SuperCharge ပါတဲ့ 4,400mAh ဘက်ထရီ ပါလာပြီး Fast Charging ကတော့ တော်တော် မိုက်ပါတယ်။

Mate 40 Pro အတွက် Black, White, Mystic Silver, Vegan Green , Vegan Yellow နဲ့ Pro+ အတွက် Ceramic White , Ceramic Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Mate 40 Pro ရဲ့ 8/256GB ကို ၁,၁၉၉ ယူရိုနဲ့ Pro+ ရဲ့ 12/256GB ကို ၁,၃၉၉ ယူရို သတ်မှတ်ထားပြီး ၁၈ သိန်း ၃ သောင်းနဲ့ ၂၁ သိန်း ၃ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gizmochina