Huawei ရဲ့ Flagship စမတ်ဖုန်းတွေဟာ Camera ပိုင်းမှာ တခြားသောဖုန်းတွေနဲ့ယှဥ်မယ်ဆိုရင် နည်းပညာအသစ်တွေကို အမြဲတမ်းအသုံးချနေတာဖြစ်ပါတယ်။ အခုလည်း လာမယ့်အောက်တိုဘာလအတွင်းမှာ မိတ်ဆက်သွားဖို့ရှိနေတဲ့ Huawei Mate 40 Series ဖုန်းတွေမှာ အသုံးပြုလာမယ့် Camera နည်းပညာအသစ်တစ်ခုကပေါက်ကြားလာခဲ့ပါပြီ။

ဒါကတော့ Mate 40 Series ဟာ Huawei ရဲ့ ကိုယ်ပိုင် Liquid Lens နည်းပညာကို ပထမဆုံးအသုံးပြုလာတဲ့စမတ်ဖုန်းတွေဖြစ်လာမှာပဲဖြစ်ပါတယ်။ အဆိုပါ Liquid Lens နည်းပညာကို Huawei ကနေ ပြီးခဲ့တဲ့လအနည်းငယ်တုန်းက မူပိုင်ခွင့်ရယူခဲ့တာဖြစ်ပြီး Autofocus နဲ့ Stability ပိုင်းမှာ သိသိသာသာကို တိုးတက်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုမျိုးလက်ရှိအသုံးပြုနေတဲ့ Camera Setup တွေကနေ ကွာခြားသွားမလဲဆိုတာကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

ယခုသတင်းကို Leakster တစ်ဦးဖြစ်တဲ့ “@RODENT950″ ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Mate 40 Pro မှာပဲ Liquid Lens နည်းပညာပါဝင်တဲ့ 50MP Primary Sensor ကို အသုံးပြုလာဖို့ များနေပါတယ်။ ကျန်တဲ့ Mate 40 ဖုန်းမှာတော့ ပုံမှန် 50MP Primary Sensor ပဲ ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Display အနေနဲ့ကတော့ 6.67” ရှိတဲ့ Waterfall Curved AMOLED Display ကိုမှ 90Hz Refresh Rate အထိ Support ပေးနိုင်မယ်လို့ သိရပါတယ်။ Display ကိုတော့ LG ကနေ ထုတ်လုပ်ပေးတာဖြစ်ပြီး Punch-hole Selfie Camera အပြင် 3D Face Unlock စနစ်ပါ ပါဝင်ဦးမှာပါ။ Battery အနေနဲ့ကတော့ 4300mAh ၊ 4600mAh နဲ့ 5000mAh ဆိုပြီး ၃ မျိုး ထွက်ရှိလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei Mate 40 Series ဖုန်းတွေဟာ 5nm Architecture ကို အသုံးပြုထားတဲ့ Kirin 9000 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး Huawei အတွက် နောက်ဆုံးကိုယ်ပိုင် Kirin Chipset လည်း ဖြစ်နိုင်မှာပါ။ အဲ့ဒီအတွက် နောက်ပိုင်း တခြားသော Chipset တွေကို အသုံးပြုမယ်ဆိုရင် Camera Performance ပိုင်းကို ထိခိုက်နိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Giz China