Huawei Mate 50 Series ကို စက်တင်ဘာလ ၆ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး အခုနောက်ဆုံးထွက်လာတဲ့ သတင်းအရ Huawei Mate 50 Pro မှာ 1.5K မျက်နှာပြင်ကွေးနဲ့ Notch ပါလာမှာပါ။ ဒီသတင်းကို ဝီဘိုက ဘလော့ဂါ DigitalChatStation က မျှဝေလိုက်တာ ဖြစ်ပြီး Huawei Mate 50 Pro ရဲ့ Notch ဧရိယာဟာ အရင်မျိုးဆက်ထက် ပိုကြီးလာမယ်လို့ ပြောပါတယ်။

Huawei Mate 50 Pro 1.5k Notch

1.5K မျက်နှာပြင်ကို အသုံးပြုထားမယ့်အတွက် ကြည်လင်တောက်ပတဲ့ အရောင်တွေနဲ့ ကောင်းမွန်တဲ့ Brightness ကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ DigitalChatStation က Huawei Mate 50 Pro ရဲ့ Notch ဟာ Mate 20 Pro ဒီဇိုင်းနဲ့ တူညီမယ်လို့ ပြောပါတယ်။ Mate 50 Pro ဟာ လုပ်ဆောင်ချက် အသားပေး ဖုန်း ဖြစ်တဲ့အတွက် Notch မှာ အထူး လုပ်ဆောင်ချက်တွေ ပါလာနိုင်ပါတယ်။ ဥပမာအနေနဲ့ မျက်နှာမှတ်သားတာ၊ ကိုယ်နေဟန်ထား စောင့်ကြည့်တာတို့ ဖြစ်ပါတယ်။

Huawei Mate 50 Pro 1.5k Notch

DigitalChatStation က Huawei Mate 50 Pro ရဲ့ ဓါတ်ပုံ ၂ ပုံကို မျှဝေထားပြီး Notch ပုံသဏ္ဍာန်ကို လေ့လာလို့ရကာ ပုံမှန်ထက် အရွယ်အစား ပိုမို ကြီးမားတာ မြင်ရပါတယ်။ Huawei ဟာ Mate 50 Series ကို အထူး အလေးပေး ဖန်တီးထားမှာ ဖြစ်တဲ့အတွက် နည်းပညာ အသစ်တွေ ပါလာနိုင်ပါတယ်။

မကြာခင်က Tipster ၁ ယောက်က Mate 50 Series မှာ 4K 60fps ဗီဒီယိုတွေ ရိုက်ကူးနိုင်မယ်လို့ သတင်းပေးထားပြီး အခုတော့ Notch နဲ့ Resolution အကြောင်းကို သိလာရပါပြီ။

Ref : huaweicentral