Huawei ဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလတုန်းက Flagship Series ဖုန်းတွေဖြစ်တဲ့ Huawei Mate 40 ၊ Mate 40 Pro နဲ့ Mate 40 Pro Plus ဖုန်းတွေကို မိတ်ဆက်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက မျိူးဆက်သစ် Mate Series တွေကို မိတ်မဆက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ Huawei ကနေ နောက်ထပ် Mate 50 Series Flagship ဖုန်းတွေကို မိတ်ဆက်ဖို့ စီစဥ်နေပြီလို့ သိရပါတယ်။

ယခုသတင်းကို Chinese Tipster တစ်ဦးကနေ ဖော်ပြခဲ့တာဖြစ်ပြီး Huawei Mate 50 Series ဖုန်းတွေဟာ လာမယ့် စက်တင်ဘာလအတွင်းမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ယခုနှစ်အတွက် Mate 50 Series ဖုန်းတွေအနေနဲ့ကတော့ Mate 50 ၊ Mate 50 Pro နဲ့ Mate 50 RS ဆိုပြီး ၃ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။

Processor ပိုင်းမှာတော့ Huawei Mate 50 Series ဖုန်းတွေဟာ ကိုယ်ပိုင် Kirin 9000S Chipset ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး 4G Version ပဲ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Global စျေးကွက်အတွက် Qualcomm Snapdragon Chipset တွေကို အသုံးပြုထားမလားဆိုတာကိုလည်း အတိအကျမသိရသေးပါဘူး။

ဒါတင်မဟုတ်သေးဘဲ နောက်ထပ် နာမည်ကြီး Chinese Tipster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Huawei Mate 50 Series ဖုန်းတွေအတွက် Render ပုံတွေကိုပါ ထပ်မံ ဖော်ပြခဲ့ပါသေးတယ်။ အဆိုပါ Render ပုံတွေအရ Huawei Mate 50 Series ဖုန်းတွေဟာ Curved Display ၊ Triple Camera Setup ကိုမှ ယခင် Mate Series ဖုန်းတွေလိုမျိုးပဲ Circular Camera Design ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Ref – Gizmo China