Huawei က Mate 50 , Mate 50 Pro, Mate 50 RS Porsche Design တို့အပြင် Mate 50E ကိုပါ ကြေညာလိုက်ပါတယ်။ ဈေးနှုန်း သက်သာပေမယ့် စမတ်ဖုန်းကောင်း ၁ လုံး ဖြစ်ပါတယ်။

Huawei Mate 50E debuts with SD 778G chip and flagship cameras

Mate 50E မှာ Mate 50 မှာလို ၆.၇ လက်မ 90Hz OLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ပိုမို စွမ်းရည်နိမ့်တဲ့ Snapdragon 778G Chip မောင်းနှင်ထားပြီး 5G ဆက်သွယ်မှု မပါလာပါဘူး။ 256GB Storage အထိ ရွေးချယ်နိုင်ပြီး 256GB microSD Card စိုက်နိုင်ပါတယ်။

Huawei Mate 50E debuts with SD 778G chip and flagship cameras

ကင်မရာ အပိုင်းမှာ XMAGE 50MP Main (Variable Aperture), 13MP Ultrawide တွေ တပ်ဆင်ထားပြီး အရှေ့ဘက်မှာ Notch နဲ့ 3D ToF Sensor မပါလာဘဲ 13MP Ultrawide ကင်မရာ ၁ လုံးကို Punch Hole မှာ ထည့်သွင်းထားပါတယ်။

66W Fast Charging ထောက်ပံ့တဲ့ 4,460mAh ဘက်ထရီ တပ်ဆင်ထားပြီး Silver, Purple ၂ ရောင် ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး 128GB Version ကို ၅၇၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ အောက်တိုဘာလကနေ စတင်ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena