Huawei က ပြီးခဲ့တဲ့ ရက်ကပဲ Mate 60 Pro 5G ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုပြီးနောက် 5G ဆက်သွယ်မှု ပါတဲ့ Huawei ရဲ့ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ အခုတော့ Huawei က Mate 60 ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။

Huawei Mate 60

Huawei Mate 60 မှာ 6.69” 120Hz OLED မျက်နှာပြင်ပြား တပ်ဆင်ထားပြီး Full HD+ Resolution ရှိပါတယ်။ Chipset အကြောင်းကို Huawei က မပြောသေးပါဘူး။ 12GB LPDDR5 RAM ပါလာပြီး 1TB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။ Harmony OS 4.0 ထည့်သွင်းထားပါတယ်။

အရှေ့ဘက်မှာ 13MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်က စက်ဝိုင်းပုံ Island ထဲမှာ 50MP Main (OIS), 12MP Ultrawide , 12MP Periscope Telephoto (OIS, 5x Optical Zoom , 50x Digital Zoom) ကင်မရာတွေ ထည့်ထားပါတယ်။

Huawei Mate 60

66W Wired Charging ထောက်ပံ့တဲ့ 4,750mAh Battery တပ်ဆင်ထားပြီး 50W Wireless Charging နဲ့ 7.5W Reverse Wireless Charging လည်း ထောက်ပံ့ပါတယ်။ IP68 စံနှုန်း ပါလာပြီး အနောက်ဘက်ကို ဒုတိယမျိုးဆက် Kunlun Glass နဲ့ ကာကွယ်ထားပါတယ်။

Huawei Mate 60 အတွက် 12/256GB (၇၅၀ ဒေါ်လာ)၊ 12/512GB (၈၂၀ ဒေါ်လာ)နဲ့ 12GB/1TB (၉၆၀ ဒေါ်လာ) ထုတ်လုပ်ထားပြီး တရုတ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ ရောင်းမှာပါ။ Yadan Black, White Sand Silver, South Waxy Purple နဲ့ Ya Chuan Qing (green) အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina