Huawei က တရုတ်မှာ Mate 60 Pro ကို ကြေညာလိုက်ပြီး Vmall ကနေ ကြိုတင်မှာယူခွင့်ပြုလိုက်ပါတယ်။ အဲဒီဖုန်းရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးက မျက်နှာပြင်မှာ Punch Hole ၃ ခု ထည့်ထားတာ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာနဲ့ 3D ToF Sensor တွေ တပ်ဆင်ထားပါတယ်။

Huawei Mate 60 Pro မှာ 6.82” LTPO OLED 2720x1260p မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Adaptive Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အထက်မှာ ဒုတိယမျိုးဆက် Kunlun Glass နဲ့ ကာကွယ်ထားပါတယ်။

Punch Hole ၃ ခုမှာ 13MP Ultrawide ဆဲလ်ဖီး ကင်မရာနဲ့အတူ Face ID လုပ်ဆောင်ချက်အတွက် 3D Face Mapping လုပ်ဖို့ ဆန်ဆာနဲ့ လေဆာတွေ ပါပါတယ်။ အနောက်ဘက်မှာ OIS နဲ့ PDAF ပါတဲ့ 50MP Main , 12MP Ultrawide-angle နဲ့ 48MP Telephoto ကင်မရာတွေ တပ်ဆင်ထားပါတယ်။

Huawei Mate 60 Pro ဟာ တရုတ်မှာ ဂြိုလ်တု အခြေပြု စာပို့စနစ်ကို ထောက်ပံ့ပါတယ်။ 88W Wired နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး 20W Reverse Wireless Charging လည်း ထောက်ပံ့ပါတယ်။

HarmonyOS 4.0 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပြီး Huawei က သုံးထားတဲ့ Chipset ကို မပြောပါဘူး။ အနောက်ဘက်ဟာ ၂ ရောင်စပ် ဒီဇိုင်း ဖြစ်ပြီး အရောင် ၄ ရောင် ထုတ်လုပ်ထားပါတယ်။ White နဲ့ Green အတွက် ထိပ်ဖက်ပိုင်းကို ဖန်နဲ့ Purple နဲ့ Black အတွက် သားရေအတုနဲ့ ပြုလုပ်ထားပါတယ်။

Huawei Mate 60 Pro မှာ 12GB RAM ထည့်ထားပြီး 256GB, 512GB နဲ့ 1TB Storage တွေ ရွေးချယ်နိုင်ပါတယ်။ လက်ရှိမှာ 512GB ကိုပဲ စာရင်းတင်ထားပြီး ၉၆၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena