“Air” trend (ပါးလွှာပြီး ပေါ့ပါးတဲ့ premium ဖုန်းတွေ) တွေ ခေတ်စားလာနေပါပြီ။ အခုလည်း Huawei Mate 70 Air ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါပြီ။

ဒီဖုန်းဟာ ကြီးမားတဲ့ ၇ လက်မ display နဲ့အတူ ၆.၆ မီလီမီတာပဲ ထူတဲ့ ကိုယ်ထည် ပါးပါးလေးနဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ သူ့ရဲ့ AMOLED display ဟာ 120Hz refresh rate ကို ထောက်ပံ့ပေးပြီး resolution ကတော့ 2760 × 1320 pixels ရှိပါတယ်။

၆.၆ မီလီမီတာပဲ ပါးလွှာတဲ့ ဒီဇိုင်းရှိပေမယ့်၊ ဒီဖုန်းထဲမှာ 6,500mAh ဘက်ထရီကြီးကို 66W wired charging (ကြိုးတပ် အမြန်အားသွင်း) စနစ်နဲ့အတူ ထည့်သွင်းပေးထားပါတယ်။ အလေးချိန်က ၂၀၈ ဂရမ် ရှိပြီး IP68/IP69 ရေနဲ့ ဖုန်ဒဏ် ခံနိုင်ရည်လည်း ပါရှိပါတယ်။
RAM ပေါ်မူတည်ပြီး ပရိုဆက်ဆာ ရွေးချယ်စရာ နှစ်မျိုး ပေးထားပါတယ်။ 12GB RAM အမျိုးအစားမှာ Kirin 9020A SoC ကို အသုံးပြုထားပြီး၊ 16GB RAM မော်ဒယ်မှာတော့ Kirin 9020B chipset ကို အသုံးပြုထားပါတယ်။
ကျောဘက်ကင်မရာ အနေနဲ့၊ Mate 70 Air မှာ f/1.8 aperture နဲ့ OIS ပါဝင်တဲ့ 50MP wide camera ကို အဓိက သုံးထားပါတယ်။ ဒါ့အပြင် 3x optical zoom နဲ့ OIS ပါတဲ့ 12MP RYYB telephoto ကင်မရာ၊ 8MP ultrawide ကင်မရာ နဲ့ 1.5MP color sensor တစ်ခုလည်း ပါဝင်ပါသေးတယ်။
Selfie (ဆယ်ဖီ) နဲ့ video call တွေခေါ်ဖို့အတွက်၊ ဒီဖုန်းရဲ့ ရှေ့ဘက်မှာ 10.7MP ကင်မရာကို တပ်ဆင်ပေးထားပါတယ်။
ဒီဖုန်းဟာ HarmonyOS 5.1 ကို သုံးထားပြီး AI လုပ်ဆောင်ချက် (feature) တွေ အများအပြား ပါဝင်ပါတယ်။ တခြား အသေးစိတ် အချက်အလက်တွေ အနေနဲ့ ဘေးဘောင်မှာ တပ်ဆင်ထားတဲ့ လက်ဗွေရာ (fingerprint) စနစ်၊ Wi-Fi 7၊ Bluetooth 5.2 (LE)၊ Hi-Res audio၊ Beidou ဂြိုဟ်တု ဆက်သွယ်ရေးစနစ်၊ NFC နဲ့ 5W reverse wired charging (တခြားစက်ကို ကြိုးနဲ့ပြန်အားသွင်း) စနစ်တို့ ပါဝင်ပါတယ်။
Huawei Mate 70 Air ကို Gold and silver brocade (ရွှေငွေ ပိုးထည်)၊ White feather robe (အဖြူရောင် ငှက်မွှေး) နဲ့ Obsidian Black (မဟူရာ အနက်) ဆိုတဲ့ အရောင် ရွေးချယ်စရာတွေနဲ့ ရရှိနိုင်ပါတယ်။ ဒီဖုန်းကို အခုလက်ရှိ တရုတ်နိုင်ငံမှာ Huawei ရဲ့ တရားဝင် online store ကနေတစ်ဆင့် ဝယ်ယူရရှိနိုင်ပါပြီ။
12GB/256GB အမျိုးအစားကို တရုတ်ယွမ် ၄,၁၉၉ (ဒေါ်လာ ၅၉၀ ခန့်) ဈေးနှုန်း သတ်မှတ်ထားပြီး၊ 12GB/512GB အမျိုးအစားကတော့ ယွမ် ၄,၆၉၉ (ဒေါ်လာ ၆၆၀ ခန့်) ကျသင့်မှာ ဖြစ်ပါတယ်။ 16GB/256GB အမျိုးအစားကလည်း ယွမ် ၄,၆၉၉ (ဒေါ်လာ ၆၆၀ ခန့်) ဈေးနှုန်း ရှိပြီး 16GB/512GB မော်ဒယ်ကတော့ ယွမ် ၅,၁၉၉ (ဒေါ်လာ ၇၃၀ ခန့်) ဖြစ်ပါတယ်။
Ref : gsmarena