Huawei ဟာ လက်ရှိအချိန်မှာ Huawei Watch GT ဆိုပြီး Smartwatch တွေကို မိတ်ဆက်ထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာ Huawei ကနေ Huawei Mate Series နာမည်ကို အသုံးပြုပြီးတော့ Smartwatch အသစ်မိတ်ဆက်တော့မယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း Huawei ကနေ Huawei Mate Watch နာမည်နဲ့ မူပိုင်ခွင့်ရယူထားပြီးသလို အခုလည်းနာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ “@RODENT950” ကနေ အဆိုပါ Huawei Mate Watch နဲ့ ပတ်သက်တဲ့သတင်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

ဒါကတော့ Huawei Mate Watch ဟာ လာမယ့်အောက်တိုဘာလဝန်းကျင်မှာ Huawei Mate 40 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်လာမှာဖြစ်ပြီး Huawei ရဲ့ ကိုယ်ပိုင် HarmanyOS (HongMengOS) ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ အဆိုပါ Huawei Mate Watch နဲ့ Mate 40 Series ဖုန်းတွေကို Chinese National Day ဝန်းကျင်မှာ မိတ်ဆက်သွားမယ်ဆိုပြီး ပြောကြားခဲ့တဲ့အတွက် အဆိုပါအချိန်က အောက်တိုဘာ ၁ ရက်နေ့ဖြစ်နေပြီးတော့ နောက်အကျဆုံးအနေနဲ့ အောက်တိုဘာလ ပထမအပတ်အတွင်းမှာ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုနှစ်မှာ ပထမဆုံးသော HarmonyOS အသုံးပြုထားတဲ့ Device အနေနဲ့ Huawei Mate Watch က ထွက်လာတော့မှာပါ။

Ref – Gizmo China