ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Huawei ကနေ ကုမ္ပဏီအတွက် တတိယမြောက် Foldable ဖုန်းဖြစ်လာမယ့် Mate X2 Foldable ဖုန်းကို ဖေဖော်ဝါရီလအတွင်းမိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါသတင်းကို တရားဝင်အတည်ပြုနိုင်ပြီလို့ သိရပါတယ်။

ဘာကြောင့်လဲဆိုရင် Huawei ကိုယ်တိုင်ကနေ လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ Huawei Mate X2 Foldable စမတ်ဖုန်းကို တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ဖော်ပြခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Teaser ဓါတ်ပုံကိုပါ ဖော်ပြခဲ့တဲ့အတွက် Mate X2 ဖုန်းက ဘယ်လိုမျိုးပုံစံဖြစ်လာမလဲဆိုတာကိုပါ ခန့်မှန်းနိုင်ခဲ့ပါတယ်။

အရင်ဆုံး Huawei Mate X2 ဖုန်းမှာ ပါဝင်လာမယ့် Foldable Display ဟာ ယခင် Mate X နဲ့ Mate XS ဖုန်းတွေလိုမျိုး အပြင်ဘက်ကို ခေါက်ချိုးမှာမဟုတ်တော့ဘဲ Samsung Galaxy Fold ဖုန်းတွေလိုမျိုးပဲ အတွက်ဘက်ကို ခေါက်ချိုးရမှာဖြစ်ပါတယ်။ Teaser ဓါတ်ပုံမှာတော့ အတွင်းဘက် Display မှာ Selfie Camera ပါဝင်ခြင်းရှိမရှိကို မဖော်ပြထားတဲ့အတွက် Primary Foldable Display မှာ Punch-hole Selfie Camera ပါဝင်မလားကတော့ မသိရှိရသေးပါဘူး။

လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရတော့ Huawei Mate X2 စမတ်ဖုန်းဟာ ဖြန့်လိုက်မယ်ဆိုရင် Primary Display ဟာ 8.01″ အထိရှိမှာဖြစ်ပြီး Resolution အနေနဲ့ 2480×2220 Pixels ရှိမယ်လို့ သိရပါတယ်။ အပြင်ဘက်က Secondary Display အနေနဲ့ကတော့ 6.45″ ရှိမှာဖြစ်ပြီး Resolution အနေနဲ့ 2270×1160 Pixels ရှိမှာဖြစ်ပါတယ်။ Performance ပိုင်းမှာတော့ Huawei ရဲ့ ကိုယ်ပိုင် HiSilicon Kirin 9000 Chipset ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ Back Camera Setup ကို 50MP Primary + 16MP + 12MP + 8MP Sensor တွေပါဝင်တဲ့ Quad Camera Setup ထည့်သွင်းထားမယ်လို့ သိရပြီး Selfie Camera အနေနဲ့လည်း 16MP Sensor ပါဝင်မယ်လို့ သိရပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 4400mAh Battery ပါဝင်မှာဖြစ်ပါတယ်။ Fast Charging အနေနဲ့လည်း 66W Fast Charging အထိ Support ပြုလုပ်ဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ပြုလုပ်မယ့် Event ဟာ Huawei Mate X2 ကိုပဲ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး Huawei P50 Series ဖုန်းတွေနဲ့ ပတ်သက်ပြီးတော့ ဘာသတင်းမှသိရှိရခြင်းမရှိသေးပါဘူး။

Ref – Gizmo China