Foldable Huawei Mate X2 သတင်းကြားနေရတာ ၁ နှစ်လောက်ရှိနေပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက TENAA မှာ မှတ်ပုံတင်ခဲ့ပါတယ်။ အဲဒီမှာ Specs အပြည့်အစုံကို မဖော်ပြထားပေမယ့် အခုတော့ နာမည်ကျော် တရုတ် Tipster Digital Chat Station က Mate X2 ရဲ့ Specs အပြည့်အစုံကို သတင်းပေးလာပါတယ်။

Mate X2 မှာ Kirin 9000 SoC မောင်းနှင်ထားပြီး အတွင်းဘက်ကို ခေါက်ချိုးရတဲ့ မျက်နှာပြင် ဒီဇိုင်း ဖြစ်ပါတယ်။ 2480x2200p Resolution ရှိပြီး ထောင့်ဖြတ်အတိုင်းအတာက ၈.၀၁ လက်မ ဖြစ်ပါတယ်။ အပြင်ဘက် ကာဗာက အပို မျက်နှာပြင်ဟာ ၆.၄၅ လက်မ ရှိပြီး 2700x1160p Resolution ဖြစ်ပါတယ်။

Huawei Mate X2 might fold inward as it should - Android Authority

Huawei Mate X2 မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး၊ 50MP ပင်မ ကင်မရာ ၁ လုံး၊ 16MP ၊ 12MPနဲ့ 8MP ကင်မရာတွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ကင်မရာ စနစ်က 10x Optical Zoom ကို ထောက်ပံ့ထားမှာပါ။

ဆော့ဖ်ဝဲအပိုင်းကို ပြောရရင် Mate X2 မှာ Android 10 မောင်းနှင်ထားမှာ ဖြစ်ပြီး 4,400mAh ဘက်ထရီနဲ့ 66W Charging Support တွေ ပါလာမှာပါ။ ၂၉၅ ဂရမ် အလေးချိန်ရှိပြီး အရွယ်အစား အပြည့်အစုံမှာ 161.8 x 145.8 x 8.2mm ဖြစ်မယ်လို့ သိရပါတယ်။

Ref : gsmarena