Huawei ရဲ့ နောက်မျိုးဆက် Foldable ဖုန်းကို Mate X2 လို့ နာမည်ပေးထားမယ်လို့ ထင်ပါတယ်။ အဲဒီဖုန်းဟာ မူလမျိုးဆက် Mate X နဲ့ Mate Xs တို့ကို အဆင့်မြှင့်ထားတာ မဟုတ်ဘဲ တကယ့် ဖုန်း အသစ် ဖြစ်လာမှာပါ။ 3C (CCC or China Compulsory Certification) မှာ Mate X2 ကို မှတ်ပုံတင်ထားပြီ ဖြစ်ပြီး 66W Fast Charging ပါမယ်လို့ ဖော်ပြထားပါတယ်။ အရင်မျိုးဆက် Huawei Foldable ဖုန်း ၂ လုံးထက် အားသွင်းနှုန်းက ၂၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။

Huawei TET-AN00/TET-AN10 (Mate X2) on 3C

Mate X2 မှာ WiFi 6 နဲ့ EMUI 11 တွေ ထည့်သွင်းထားမယ်လို့ WiFi Alliance မှာ တွေ့ရပါတယ်။  တခြား သတင်းအချက်အလက်တွေကို လက်ရှိမှာ သိပ်မသိရသေးပါဘူး။ ပေါက်ကြားသတင်းတွေအရ အဲဒီဖုန်းဟာ အပြင်ဘက်ကို ခေါက်ချိုးရတဲ့ ဒီဇိုင်း မဟုတ်ဘဲ Galaxy Fold Series မှာလို အတွင်းဘက်ကို ခေါက်ချိုးရတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

 

ဒီဇိုင်း ပြောင်းသွားတဲ့အတွက် Mate X2 ရဲ့ အပြင်ဘက်မှာ မျက်နှာပြင် အသစ် ၁ ခု တပ်ဆင်ထားနိုင်ပါတယ်။ အနောက်ဘက်မှာ အနည်းဆုံး ကင်မရာ ၄ လုံး ပါလာနိုင်ပြီး ဖုန်းကို ပိတ်ထားချိန်မှာ ကင်မရာ ၂ လုံးက အရှေ့ဘက်ကို မျက်နှာမူထားမှာ ဖြစ်ပါတယ်။

Huawei က Mate X2 နဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးပါဘူး။ လက်ရှိမှာ ပေါက်ကြား သတင်းတွေကိုပဲ သိရပါသေးတယ်။ အဲဒီဖုန်းကို အာဏာပိုင် အဖွဲ့အစည်း ၂ ခုမှာ မှတ်ပုံတင်ထားပြီ ဖြစ်တဲ့အတွက် တရားဝင် ကြေညာဖို့ နီးသထက်နီးလာပါပြီ။

Ref : gsmarena