Huawei ရဲ့ ဒုတိယမြောက် သုံးခေါက်ဖုန်း Mate XTs ကို မိတ်ဆက်လိုက်ပြီး အရင်မော်ဒယ်ထက် အနည်းငယ် ပိုကောင်းလာပါတယ်။  ဒီဇိုင်းပိုင်းကတော့ အရင်နှစ်ကအတိုင်း မပြောင်းလဲဘဲ ခရမ်းရောင်နဲ့ အဖြူရောင် အရောင်အသစ်တွေနဲ့သာ ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။

Huawei Mate XTs announced with Kirin 9020 and updated 40MP ultrawide cam

Mate XTs မှာ လက်မ ၁၀.၂ လက်မရှိတဲ့ 3K resolution နဲ့ 90Hz refresh rate ပါဝင်တဲ့ LTPO OLED သုံးဆင့်ခေါက် မျက်နှာပြင်ကို တပ်ဆင်ထားပါတယ်။ 16:11 aspect ratio ရှိတဲ့အတွက် သာမန်ဖုန်း app သုံးခုကို ဘေးချင်းယှဉ် အသုံးပြုနိုင်ပြီး အမြင့်ဆုံး brightness ကတော့ 1,800 nits အထိ ရရှိမှာပါ။ Stylus pen အသုံးပြုမှုကိုလည်း အရင်မော်ဒယ်ကအတိုင်း ဆက်လက်ထောက်ပံ့ထားပါတယ်။

Huawei Mate XTs announced with Kirin 9020 and updated 40MP ultrawide cam

ဖုန်းကို တစ်ခေါက်ခေါက်လိုက်တဲ့အခါ ၇.၉ လက်မအရွယ် dual screen mode အဖြစ် သုံးနိုင်ပြီး အပြည့်ခေါက်လိုက်ရင်တော့ ၆.၄ လက်မအရွယ်အစားဖြစ်သွားလို့ လက်တစ်ဖက်တည်းနဲ့ သက်တောင့်သက်သာ ကိုင်တွယ်နိုင်မှာပါ။ ဖုန်းကို အပြည့်ဖွင့်ထားချိန်မှာ ၃.၈ မီလီမီတာသာ ထူပြီး အပြည့်ခေါက်ထားချိန်မှာ ၁၂.၈ မီလီမီတာ ထူကာ အလေးချိန်ကတော့ ၂၉၈ ဂရမ် ရှိပါတယ်။

Huawei Mate XTs announced with Kirin 9020 and updated 40MP ultrawide cam

ကင်မရာပိုင်းမှာတော့ 40MP ultrawide lens (13mm) ကို အဆင့်မြှင့်တင်ထားပါတယ်။ အရင်နှစ်မော်ဒယ်မှာ ပါဝင်ခဲ့တဲ့ 50MP main camera (24mm) နဲ့ 12MP periscope lens (125mm) တို့လည်း ဆက်လက် ပါဝင်လာပါတယ်။

နောက်ထပ် အသစ်ပါဝင်လာတာကတော့ မူလ Mate XT မှာသုံးခဲ့တဲ့ Kirin 9010 chipset အစား Kirin 9020 chipset ကို ပြောင်းလဲအသုံးပြုထားတာပါ။ ဒီ chipset ဟာ Pura 80Pro+ နဲ့ 80 Ultra တို့မှာ အသုံးပြုထားတဲ့ chipset အမျိုးအစားဖြစ်ပြီး Kirin 9010 ထက် ၃၆% ပိုမြန်မယ်လို့ Huawei က ပြောကြားထားပါတယ်။ Mate XTs မော်ဒယ်အားလုံးမှာ 16GB RAM ပါဝင်ပြီး storage ကိုတော့ 1TB အထိ ရွေးချယ်နိုင်ပါတယ်။

Software ပိုင်းမှာ HarmonyOS 5.1 ကို အသုံးပြုထားပြီး ဘက်ထရီကတော့ 5,600 mAh ဖြစ်ကာ 66W wired charging, 50W wireless charging နဲ့ 7.5W reverse wireless charging တို့ကို ထောက်ပံ့ပေးထားပါတယ်။

Huawei Mate XTs ကို အနက်၊ အနီ၊ ခရမ်းနဲ့ အဖြူရောင်ဆိုပြီး အရောင်လေးမျိုးနဲ့ ရရှိနိုင်မှာပါ။ တရုတ်နိုင်ငံမှာ 16/256GB ဗားရှင်းကို ယွမ် ၁၇,၉၉၉ ($2,520) ကနေ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ 16/512GB မော်ဒယ်ကိုတော့ ယွမ် ၁၉,၉၉၉ ($2,800) နဲ့ 16GB RAM/1TB storage ဗားရှင်းကို ယွမ် ၂၁,၉၉၉ ($3,080) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

တရုတ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်ပို့ဆောင်မှာဖြစ်ပြီး နိုင်ငံတကာမှာ ဖြန့်ချိမယ့် အစီအစဉ်ကိုတော့ Huawei က အသေးစိတ် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Ref : gsmarena