Huawei က ဒီနှစ်အတွက် စွမ်းရည်မြင့် လက်ပ်တော့တွေ ဖြစ်တဲ့ MateBook 16s ကို တရုတ်မှာ မကြာခင်က ကြေညာခဲ့ပြီး ဒီလ အစောပိုင်းမှာ ကြိုတင်မှာယူခွင့်ပြုခဲ့ပါတယ်။ အခုတော့ တရုတ်မှာ စွမ်းရည် အမြင့်ဆုံး မော်ဒယ်ကို ရောင်းချပေးလိုက်ပါတယ်။ အဲဒီ မော်ဒယ်မှာ Core i9 Processor မောင်းနှင်ထားပြီး ၈,၇၉၉ ယွမ် သတ်မှတ်ထားကာ မြန်မာငွေ ၂၄ သိန်းကျော်ပါတယ်။

HUAWEI MateBook 16 - HUAWEI Global

Huawei MateBook 16s မှာ ၁၆ လက်မ 2520x1680p မျက်နှာပြင်၊ 3:2 Aspect Ratio နဲ့ 90 Percent Screen-to-body Ratio ပါပါတယ်။ 300 nits Brightness , 1500:1 Contrast Ratio နဲ့ 100% sRGB Color Gamut Support တွေ ထည့်သွင်းထားပါတယ်။

HUAWEI MateBook 16 Price - Huawei Laptops

Core ၁၄ လုံးနဲ့ Threads ၂၀ ပါတဲ့ 12th Gen Intel Core i9-12900H Processor မောင်းနှင်ထားပြီး 5GHz Turbo Frequency အထိ ပံ့ပိုးပေးထားကာ LPDDR5 Memory ထောက်ပံ့ထားပါတယ်။ 16GB RAM နဲ့ NVME PCIe SSD တွေ ထည့်သွင်းထားပါတယ်။

ပါဝါခလုတ်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Video Call အတွက် 1080p Wide-angle Webcam တပ်ဆင်ထားပါတယ်။ မိုက်ကရိုဖုန်း ၄ လုံး ထည့်သွင်းထားပြီး အရှေ့ဘက်ကို မျက်နှာမူထားတဲ့ စတီရီယို စပီကာတွေကြောင့် အသံထွက် ကောင်းမွန်ပါတယ်။ Huawei MateBook 16s မှာ 84Wh ဘက်ထရီ ပါလာပြီး USB-C ကနေ 135W နဲ့ အားသွင်းနိုင်ပါတယ်။

Ref : gizmochina