Huawei ကနေ AMD Ryzen Processor တွေကို အသုံးပြုထားတဲ့ MateBook D Series Laptop တွေကို စျေးကွက်အတွင်းမှာ ရောင်းချနေပြီဖြစ်ပါတယ်။ အခုလည်း တရုတ်နိုင်ငံအတွင်းမှာ AMD ရဲ့ Ryzen 4000 Series Processor အသစ်တွေကို အသုံးပြုထားတဲ့ MateBook D14 နဲ့ D15 Laptop အသစ်တွေကို မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

အရင်ဆုံး MateBook D14 အနေနဲ့ကတော့ 14″ Full HD Display ကိုအသုံးပြုထားပြီးတော့ ဘေးဘောင်တွေကလည်း ပါးလွှာနေမှာဖြစ်ပါတယ်။ အထူအနေနဲ့ 15.9mm ပဲရှိမှာဖြစ်သလို အလေးချိန်အနေနဲ့လည်း 1.38Kg ပဲရှိမယ်လို့ သိရပါတယ်။ Performance ပိုင်းအနေနဲ့ကတော့ AMD Ryzen 5 4500U သို့မဟုတ် Ryzen 7 4700U ကို ရွေးချယ်နိုင်မှာဖြစ်ပြီး RAM 16GB နဲ့ 512GB SSD တွေပါဝင်မှာပါ။

MateBook D15 အနေနဲ့ကတော့ Screen Size မှာ 15.6″ ဖြစ်သွားတာကလွဲရင် Full HD Resolution နဲ့ Design တွေပါ တူညီမှာဖြစ်ပါတယ်။ Performance ပိုင်းမှာလည်း Ryzen 5 4500U နဲ့ Ryzen 7 4700U ဆိုပြီး ရွေးချယ်နိုင်မယ့်အပြင် RAM 16GB နဲ့ 512GB SSD ကိုပဲ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဒါပေမယ့် အထူအနေနဲ့ကတော့ 16.9mm နဲ့ အလေးချိန် 1.53Kg ရှိမယ်လို့ သိရပါတယ်။

အဆိုပါ MateBook D14 နဲ့ D15 Laptop ၂ မျိုးစလုံးလား Fn+P Feature ပါဝင်မှာဖြစ်သလို Huawei Share ၊ Touch Connection ၊ ဖုန်းနဲ့ချိတ်ဆက်ပြီး ဖုန်းပြောဆိုတာ၊ Screen Mirroring တွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းတွေအနေနဲ့ကတော့ MateBook D14 Ryzen 5 4500U ကို 4,099 Yuan (မြန်မာငွေ ၈ သိန်းဝန်းကျင်) ၊ Ryzen 7 4700U ကိုတော့ 4,599 Yuan (မြန်မာငွေ ၉ သိန်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပြီး MateBook D14 Ryzen 5 Edition ကို 4,199 Yuan (မြန်မာငွေ ၈ သိန်း ၂ သောင်းဝန်းကျင်) နဲ့ Ryzen 7 Edition ကို 4,699 Yuan (မြန်မာငွေ ၉ သိန်း ၂ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China