ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက Huawei ကနေ Kirin 990 5G Chipset ကိုအသုံးပြုထားတဲ့ Flagship Huawei MatePad Pro 5G Tablet ကို မိတ်ဆက်ထားခဲ့ပါတယ်။ အခုလည်း Huawei ကနေ Upper Mid-range Tablet အသစ်တစ်လုံးကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သတင်းတွေထွက်ရှိလာပါပြီ။

Huawei ကနေ မကြာခင်မှာမိတ်ဆက်သွားမယ့် Tablet ကိုတော့ Huawei MatePad 10.4 လို့ နာမည်ပေးထားပြီးတော့ Kirin 810 Chipset ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

အခုနောက်ဆုံးရရှိထားတဲ့သတင်းတွေအရ Huawei MatePad 10.4 ရဲ့ ဓါတ်ပုံတွေအပြင် Specification တွေပါ ပေါက်ကြားလာခဲ့ပြီးတော့ Fritillaria White နဲ့ Ye Lan Gray Color ဆိုပြီး ၂ မျိုး မိတ်ဆက်လာမှာပါ။ နောက်ကျောဖက်မှာ 8MP Camera တစ်လုံးကိုပဲ ထည့်သွင်းထားမှာဖြစ်ပါတယ်။

Display ပိုင်းအနေနဲ့တော့ 10.4″ 1200×2000 Pixel Resolution ရှိမှာဖြစ်ပြီး Front Facing Selfie Camera ကိုတော့ 8MP Camera ပဲထည့်သွင်းပေးထားပါတယ်။ ဒါတင်မဟုတ်သေးဘဲ Stylus ကိုလည်း Support ပြုလုပ်လာမှာပါ။ Battery အနေနဲ့တော့ 7250mAh Battery ပါဝင်မှာဖြစ်ပြီး Fast Charging ကိုလည်း Support ပြုလုပ်လာမယ်လို့ သိရပါတယ်။

Huawei MatePad 10.4 Tablet ဟာ Wi-Fi နဲ့ LTE ဆိုပြီး version ၂ မျိုးထွက်ရှိလာမှာဖြစ်ပြီး Wi-Fi Version မှာ RAM 4GB + 64GB နဲ့ RAM 6GB + 128GB Storage နဲ့ LTE Version မှာတော့ RAM 4GB + 64GB နဲ့ RAM 4GB + 128GB Storage ဆိုပြီး မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ စျေးပိုသက်သာတဲ့ RAM 3GB + 32GB Version ကိုပါ မိတ်ဆက်ဖို့ရှိနေသေးတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ တရုတ်ယွမ်ငွေ ၁,၇၉၉ (မြန်မာငွေ ၃ သိန်း ၆ သောင်းဝန်းကျင်) ကနေ စတင်မှာဖြစ်ပြီးတော့ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ရောင်းချသွားဖို့များနေတယ်လို့ သိရပါတယ်။

Ref – Gizmo China