Huawei ကနေ အခုနောက်ပိုင်းမှာ MatePad Series Tablet တွေကို ဆက်တိုက်မိတ်ဆက်နေပြီး အခုလည်း တရုတ်နိုင်ငံတွင်းမှာ MatePad 11.5 (2023) Tablet ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။

Huawei MatePad 11.5 (2023) ဟာ နာမည်အတိုင်း 11.5-inch Display ပါဝင်မှာဖြစ်ပြီး Huawei ရဲ့ ပြောကြားချက်အရ မျက်လုံးကို ကာကွယ်ပေးနိုင်ဖို့အတွက် Anti-glare Nano-etching Technology ထည့်သွင်းထားတယ်လို့ သိရပါတယ်။ Resolution ပိုင်းမှာ 2200 x 1440 Pixels ရှိမှာဖြစ်ပြီး 120Hz Refresh Rate ၊​ 3:2 Aspect Ratio တွေပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် TÜV Rheinland ရဲ့ Hardware-level Low Blue Light Certification ရရှိထားသလို Huawei M-Pencil (2nd Gen) ကိုလည်း တွဲဖက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm Snapdragon 7 Gen 1 Processor ကို အသုံးပြုထားပြီး RAM 6GB သို့မဟုတ် 8GB အပြင် 128GB Storage လည်းပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအတွက် 13MP Back Camera အပြင် 8MP Selfie Camera တွေကို ထည့်သွင်းပေးထားပါတယ်။

Huawei MatePad 11.5 (2023) Tablet ဟာ 7700mAh Battery ပါဝင်မှာဖြစ်ပြီး 20W Fast Charging ကိုပါ ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။​ Huawei ရဲ့ ပြောကြားချက်အရ Standby အနေအထားမှာ ၃၇ ရက်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Design ပိုင်းမှာ Huawei MatePad 11.5 (2023) က All-Metal Body ဖြင့် ပြုလုပ်ထားပြီး အထူ 6.85mm ပဲရှိသလို အလေးချိန်ကလည်း 499g ပဲ ရှိမှာဖြစ်ပါတယ်။ Audio ပိုင်းမှာ Quad Speaker Setup ကို အသုံးပြုထားသလို အဆင့်မြှင့်တင်ထားတဲ့ Histen 8.1 Audio Algorithm ကြောင့် အသံထွက်က 82dB အထိရှိမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ မိတ်ဆက်ထားတာဖြစ်တဲ့အတွက် Software ပိုင်းမှာ HarmonyOS 3.1 ကို အသုံးပြုထားမှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ Huawei MatePad 11.5 (2023) ဟာ 1,699 Yuan (မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Island Blue ၊ Frost Silver နဲ့ Space Gray ဆိုပြီး ၃ မျိုး ရွေးချယ်နိုင်မှာပါ။

Ref – Gizmo China