Huawei က တရုတ်မှာ MatePad Pro 11 (2022) ကို ကြေညာလိုက်ပြီး MatePad Pro 11 ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ MatePad Pro 11 (2022) မှာ ၁၁ လက်မ OLED 2560x1600p မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ M Pencil လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် ခဲတံ ပါလာပြီး တက်ဘလက် ညာဘက်ခြမ်းမှာ သံလိုက်နဲ့ တွဲကပ်ထားနိုင်ပါတယ်။ အနောက်ဘက်မှာ ဆန်ဆာ ၂ လုံး တပ်ဆင်ထားတဲ့ စက်ဝိုင်းပုံ ကင်မရာအကွက် ပါလာပါတယ်။

အထူက ၅.၉ မီလီမီတာနဲ့ အလေးချိန်က ၄၄၉ ဂရမ် ရှိပြီး စပီကာ ၆ လုံးနဲ့ မိုက်ကရိုဖုန်း ၄ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main ၊ 8MP Ultrawide ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ပါလာပါတယ်။

Huawei unveils MatePad Pro 11 with Snapdragon 888 (and 870), 120Hz AMOLED display

Snapdragon 870 or 888 Processor တွေ ရွေးချယ်နိုင်ပြီး 12GB RAM နဲ့ 512GB Storage အထိ ထုတ်လုပ်ထားပါတယ်။ အလွန်ပါးလွှာတဲ့ VC Liquid Cooling နဲ့ အလွှာ ၆ ခု ပါတဲ့ Three-dimensional Heat Dissipation Structure အသုံးပြုထားပြီး 66W Fast Charging ပါတဲ့ 8,300mAh ဘက်ထရီ ပါပါတယ်။ Multitasking လုပ်ဆောင်ချက်တွေ ပါတဲ့ HarmonyOS 3 မောင်းနှင်ထားပါတယ်။

Huawei MatePad Pro 11 (2022) အတွက် Crystal White, Galaxy Blue , Obsidian Black နဲ့ Jinbai အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Snapdragon 870 ပါတဲ့ WiFi Only Version ရဲ့ 128GB မော်ဒယ်ကို ၃,၄၉၉ ယွမ်နဲ့ 256GB မော်ဒယ်ကို ၃,၉၉၉ ယွမ် သတ်မှတ်ထားပြီး တူညီတဲ့ Storage ပါတဲ့ Snapdragon 888 Version ကို ၃,၇၉၉ ယွမ်နဲ့ ၄,၂၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ 256GB နဲ့ 512GB Storage ပါတဲ့ LTE Version ကတော့ ၅,၂၉၉ ယွမ်နဲ့ ၇,၆၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။

Ref : gizmochina