မကြာခင်ထွက်လာမယ့် Huawei MatePad T10 နဲ့ T10s တို့ရဲ့ Specs နဲ့ Render ပုံတွေပါတဲ့ Leak တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တာကြောင့် ဒီ Entry-level Tablet နှစ်မျိူးနဲ့ပတ်သက်ပြီး သိချင်တာ အကုန်နီးပါး သိခွင့်ရလာခဲ့ပါတယ်။

T10s ကနေ စပြောရရင် သူ့မှာ 10.1” IPS LCD Display ပါဝင်ပြီး အတွင်းမှာ HiSilicon Kirin 710A ချစ်ပ်ဆက် အသုံးပြုထားမှာပါ။ မန်မိုရီက 2/32 GB သို့မဟုတ် 3/64 GB မော်ဒယ်နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

5,100 mAh ဘက္ထရီနဲ့အတူ Android 10 အခြေခံထားတဲ့ EMUI 10.1 ကိုပဲ ဆက်သုံးထားမှာပါ။ နောက်ဘက်မှာ AF Support ပါတဲ့ 5MP ကင်မရာတစ်လုံးနဲ့ ရှေ့မှာ 2MP ကင်မရာတစ်လုံး ပါဝင်ပါတယ်။

MatePad T10 ကတော့ အနည်းငယ်ပိုသေးတဲ့ 9.7” Display နဲ့ဖြစ်ပါတယ်။ မန်မိုရီက 2/16 GB နဲ့ 2/32 GB ဖြစ်ပြီး ကျန်တဲ့အချက်တွေက T10s နဲ့ အတူတူပါပဲ။ သူကတော့ ပိုပြီး စျေးချိုသာတဲ့ ဗားရှင်း ဖြစ်မှာပါ။ ဒီတက်ဘလက်နှစ်ခုအတွက် မိတ်ဆက်ရက် မကြေညာသေးပေမယ့် အခုပုံတိုင်းဆို သိပ်မကြာတော့ပါဘူး။

Ref – GSMArena