တရုတ်အခြေစိုက် Huawei ကုမ္ပဏီဟာ Tablet အသစ်တွေဖြစ်တဲ့ MatePad T10 နဲ့ T10s တို့ကို မကြာခင်မိတ်ဆက်လာဖို့ စီစဉ်ထားကြောင်း သတင်းထွက်နေချိန်မှာပဲ MatePad T10s လို့ယူဆရတဲ့ ဟန်းဆက်တစ်ခုကို Geekbench ပေါ်မှာတွေ့ခဲ့ရပါတယ်။

Geekbench ပေါ်မှာ မော်ဒယ်နံပါတ် AGS3-AL09HN နဲ့တွေ့ရတဲ့ Huawei Tablet ဟာ မကြာသေးခင်က အင်ဒိုဝက်ဆိုက်မှာ Huawei MatePad T10s အမည်နဲ့ အတည်ပြုချက်ရယူထားတဲ့ AGS3-W09 ရဲ့ ဗားရှင်းတစ်ခုဖြစ်ပါတယ်။ ဒီစီးရီးမှာ MatePad T10 နဲ့ T10s နှစ်မျိုးပါဝင်တာကြောင့် T10s ရဲ့ဗားရှင်းတစ်မျိုးမျိုးသာမက MatePad T10 ကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်။

Huawei AGS3-AL09HN ဟာ Geekbench ပေါ်မှာတော့ Single-core စမ်းသပ်ချက်ရလဒ် 1415 နဲ့ Multi-core ရလဒ် 5190 ထိရရှိထားပါတယ်။ ဒီ Tablet ဟာ Android 10 OS အသုံးပြုထားပြီး 1.7GHz ရှိတဲ့ Kirin အမှတ်တံဆိပ် Octa-core ချစ်ပ်ဆက်တစ်ခုနဲ့ 4GB RAM တို့ဖြင့် အစမ်းသပ်ခံခဲ့တာပါ။ ရှေ့ကထွက်ထားတဲ့ သတင်းထဲမှာတော့ ဒီတက်ဘလက်နှစ်လုံးမှာ Kirin 710A ချစ်ပ်ဆက် အသုံးပြုလာမယ်လို့ ဆိုထားပါတယ်။

MatePad T10 စီးရီးရဲ့ ဗားရှင်းကွဲတွေကတော့ AGS3-L09, AGS3-AL00, AGS3-W19, AGS3-W09, AGS3-AL00HN စသဖြင့် ပါဝင်တာကို Bluetooth SIG ပလက်ဖောင်းပေါ်မှာ အတည်ပြုချက်ရယူစဉ်ကတွေ့ခဲ့ရပါတယ်။ စိတ်ဝင်စားစရာ တစ်ခုကတော့ AGS3-W09HN ကို EEC အတည်ပြုချက်ရယူစဉ်က Honor Pad 6 လို့အမည်ပေးထားခဲ့တာပါ။

MatePad T10 နဲ့ T10s တို့မှာ 10.1” နဲ့ 9.7” IPS LCD Display တွေ အသုံးပြုလာမှာပါ။ Android 10 အခြေခံထားတဲ့ EMUI 10.1 Skin ကို တွေ့ရမယ်လို့ မျှော်လင့်ထားပါတယ်။

Ref – GSMArena