Huawei Device Myanmar မှ ယနေ့တွင် ပေါ့ပါးပြီး သယ်ကူရလွယ်ကူစေသည့် ဒီဇိုင်းပိုင်း၊ ကလေးသူငယ်၊ ကျောင်းသားလူငယ်များအတွက် သင်ထောက်ကူလုပ်ငန်း အတွက်သာမက မိသားစု တစ်ခုလုံးအတွက် အသုံးတည့်စေမည့် ဈေးနှုန်းသင့်တင့်မျှတပြီး ၉.၇လက်မအရွယ်မျက်နှာပြင်၊ Audio ပိုင်းတွင် ကောင်းမွန်သည့် Tablet အမျိုးအစားသစ်ဖြစ်သည့် HUAWEI MatePad T10 ကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချတော့မည် ဖြစ်သည့်အကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။ အင်မတန်ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူစေရန် ဒီဇိုင်းပိုင်းတွင် ပြင်ဆင်ထုတ်လုပ်ထားပြီး စွမ်းဆောင်ရည်ပိုင်းအတွက် octa-core processor အမျိုးအစားဖြစ်သည့် Kirin 710A ကိုအသုံးပြုထားပြီး ဘက်ထရီပမာဏ များပြားပြီး ဒေတာအကူးအပြောင်းနှင့် အားသွင်းနိုင်ရန်အတွက် USB Type C နှင့်အတူ မန်မိုရီပမာဏကို 512GB အထိ ထပ်မံတိုးမြှင့်နိုင်မည့် Micro SD Card Slot ကို ထည့်သွင်းပေးထားပါသည်။ ထို့အပြင် EMUI 10.1 တွင်ပါဝင်လာသည့် Features သစ်များဖြစ်သည့် ကလေးသူငယ်များ သီးသန့်အသုံးပြုနိုင်ရန် Kids Corner ၊ လူကြီးလူငယ်မရွေး အမြင်အာရုံထိခိုက်မှုကို လျော့ပါးစေမည့် Eye Protection mode၊ App များကို ပွားသုံးစေနိုင်မည့် App Multiplier စသည့် အသုံးပြုသူများအတွက် အတွေ့အကြုံကောင်းများကို ယူဆောင်လာပေးမှာပဲဖြစ်သည်။ HUAWEI MatePad T10 ကို RAM 2GB၊ Memory 16GB အမျိုးအစားကို ၂၆၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Pre-Order မှာယူသူများအတွက် Flip Cover နှင့် Bluetooth Headset ကို လက်ဆောင်ရရှိမှာဖြစ်ပါသည်။

HUAWEI MatePad T 10 သည် ၄၅၀ ဂရမ်ခန့်သာ အလေးချိန်ရှိသည့်အတွက် အလေးချိန်အားဖြင့် ပေါးပါးသည့်အပြင် နောက်ဘက်ကာဗာကို အခုံးပုံစံဖြင့် ဒီဇိုင်းဆွဲထားသောကြောင့် လက်ထဲတွင် ကိုင်တွယ်ရသက်တောင့်သက်သာ ရ်ှိစေမည့် အတွေ့အကြုံကို ရရှိစေမှာဖြစ်ပါသည်။ ၉.၇ လက်မအရွယ် မျက်နှာပြင်မှ 16:10 HD resolution အထိကို မြင်ကွင်းကျယ်ကျယ် အရောင်စိုစိုဖြင့် ကြည့်ရှုစေနိုင်မှာဖြစ်သည်။ အသံထွက်ပိုင်းအတွက် စပီကာနှစ်လုံးကို ထည့်သွင်းတပ်ဆင်ပေးထားပြီး Software ပိုင်းအတွက် HUAWEI Histen 6.1 ဖြင့် ထောက်ပံ့ပေးထားသည့်အတွက် 9.1-channel 3D surround အသံအရည်အသွေးကို ရရှိခံစားနိုင်စေမှာလည်း ဖြစ်သည်။

HUAWEI MatePad T10 တွင် စွမ်းဆောင်ရည်ပိုင်းအတွက် octa-core processor အမျိုးအစားဖြစ်သည့် Kirin 710A ကိုအသုံးပြုထားပြီး နေ့စဉ် လုပ်ဆောင်မှုများအတွက် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်စေမှာဖြစ်ပြီး ဘက်ထရီသုံးစွဲမှုအပိုင်းတွင်လည်း သက်သာစေမှာ ဖြစ်သည်။ HUAWEI MatePad T10 ကို EMUI 10.1 ဖြင့်အသုံးပြုနိုင်မှာ ဖြစ်ပြီး နောက်ဆုံးထွက်ရှိထားသည့် UI ဖြစ်သည့်အတွက် Tablet တစ်ခုတွင် အသုံးပြုရန်သင့်တော်သည့် features များဖြစ်သော App Multiplier ၊ smart split-screen view၊ Dark Mode အစရှိသည့် features များကို အသုံးပြုနိုင်မှာဖြစ်သည်။

HUAWEI MatePad T10 မှာဆိုလျင် ကလေးများအတွက် ဖန်တီးထားတဲ့ Kids corner ဆိုတဲ့feature ပါဝင်လာပါသည်။ အဆိုပါ feature မှာ ကလေးသူငယ်တွေ သင်ကြားရေးမှာအထောက်အကူဖြစ်စေဖို့ရည်ရွယ်ထားပြီး Kids Corner တွင် Recorder ၊ Camera ၊ Multimedia ၊ Kids Painting ဆိုတဲ့အဓိကအစိတ်အပိုင်း ၄ခုပါဝင်သည်။ Parental control ပါဝင်လို့ ကလေးငယ်တွေကိုဘယ်ဗီဒီယို၊ ဓာတ်ပုံနဲ့Application တွေကိုပဲသုံးစေ ဖို့ကန့်သတ်ထားနိုင်မှာဖြစ်ပြီး မိဘတွေအနေနဲ့ကလေးသူငယ်တွေနဲ့မအပ်စပ်တဲ့အကြောင်းအရာတွေ လေ့လာမိမှာကိုစိတ်ပူစရာမလိုပါဘူး။ ဒီအချက်တွေထက် ကလေးသူငယ်တွေပိုစိတ်ဝင်စားတဲ့ရုပ်ရှင်၊ သီချင်း၊ Game တွေနဲ့အချိန်ကုန်နေပြီးငယ်ငယ်ရွယ်ရွယ်နဲ့အမြင်အာရုံထိခိုက်တာမျိုးကြုံရနိုင်လို့ Kids corner မှာသုံးစွဲ ရမယ့်အချိန်ကိုကန့်သတ်ပေးနိုင်ပါသည်။ နောက်ထပ်ထူးခြားတဲ့function တစ်ခုဖြစ်တဲ့ ကလေးများမူမမှန် တဲ့အနေ အထားနဲ့ အသုံးပြုပါက အာရုံကြောနဲ့အဆစ်မြစ်ကိုပါ နာကျင်စေနိုင်တဲ့အတွက် အသိပေးမယ့် Posture Alert ပါဝင်ခြင်းဖြစ်ပါ တယ်။ တစ်နေရာထဲမှာအကြာကြီးသုံးနေရင် ရွှေ့ဖို့ပြောင်းဖို့ အသိပေးမှာဖြစ်တယ်။ ထို့အပြင် eBook Mode၊ Bumpy Road Alerts စတဲ့ မျက်လုံးအတွက် အကာကွယ်ပေးစေမယ့်လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါသည်။

အချုုပ်အားဖြင့်ဆိုရမည် ဆိုလျင် ယခုလို feature များနှင့် ကလေးများအတွက် သင်ထောက်ကူ အဖြစ် အသုံးတည့်ရုံသာမက မိသားစု တစ်ခုလုံးအတွက်ပါ ဘက်စုံအသုံးတည့်စေမည့် Feature များကို HUAWEI MatePad T10 မှာပါဝင်လာပြီး အဆိုပါ HUAWEI MatePad T10 ကို RAM 2GB၊ Memory 16GB အမျိုးအစားကို ၂၆၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Pre-Order မှာယူသူများအတွက် Flip Cover နှင့် Bluetooth Headset ကို လက်ဆောင်ရရှိမှာဖြစ်တဲ့ အကြောင်းသတင်းပါးလိုက်ရပါသည်။

Source – HUAWEI