Tablet သို့ ကွန်ပျူတာတွေ ခေတ်စားလာတဲ့နောက်ပိုင်း သုံးစွဲသူတွေဟာ တော်ရုံသင့်ရုံလောက်ပဲ စွမ်းဆောင်ရည်ရှိတယ်ဆိုရင် စိတ်မဝင်စားတော့ပါဘူး။ များသောအားဖြင့် Premium ဆန်တဲ့ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည် ပေးနိုင်မှသာ လိုချင်တတ်ကြတယ်။

ဒါထက် ဘယ်လိုပဲ ကောင်းတယ်ပြောပြော တန်ဖိုးကလည်း သင့်တင်မှုရှိမှ ပြည့်စုံတယ်လို့ ယူဆကြသလို Feature လည်းစုံ ၊ ဒီဇိုင်းလှကောင်း Performance လည်း မဆိုးဘူးဆိုရင် အထွေအထူး ပြောနေစရာ မလိုပါဘူး။

ဒီအတွက် HUAWEI MatePad T8 မှာ သင့်တင့်သလောက် ပြည့်စုံထားပြီး မြန်မာငွေကျပ် ၁၉၉,၀၀၀ နဲ့ ဝယ်ယူနိုင်မယ့် ဈေးအချိုသာဆုံး Tablet ရှိနေပါတယ်။ ဈေးကွက်ထဲမှာ ပြောဆိုနေကြတဲ့ T8 အားသာချက် ၂ မျိုးကတော့ အမြင်အားဖြင့် ဆွဲဆောင်မှုရှိတာနဲ့ Display ပိုင်း အားရစရာ ဖြစ်နေတဲ့ အချက်တွေပါ။

ဒီဇိုင်းပိုင်းမှာ ဆိုရင်တော့ HUAWEI အနေနဲ့ အချိန်အား ၊ လုံလအရင်းနှီးတွေ စိုက်ထုတ်ပြီး High Level Ergonomics ရှိတယ်၊ နောက်တမျိုးပြောရင်တော့ Device တစ်ခုကို ဖန်တီးတဲ့အခါ သုံးစွဲသူတွေနဲ့ အံဝင်ခွင်ကျ ဖြစ်စေဖို့ ဒီဇိုင်းဆွဲတဲ့အပိုင်း ၊ ထုတ်လုပ်မှုအပိုင်းတွေမှာ အကောင်းဆုံး အိုင်ဒီယာ၊ ပစ္စည်းတွေချည်း အသုံးပြုထားတာကို ဆိုလိုတာပါ။

MatPad T8 အနေနဲ့ Entry Level (သို့) Budget Tablet ဖြစ်ပေမယ့် ပေါ့ပါးမှုရှိတယ်၊ လက်တစ်ဖက်ထဲ သုံးနိုင်တဲ့ Sleek Design ပိုင်ဆိုင်ထားတာကြောင့် သွားလာရင်း အသုံးပြုနိုင်တယ်၊ အလေးချိန်ကလည်း ၃၁၀ ဂရမ်ပဲ ရှိတာကြောင့် ၈ လက်မ အရွယ် Display ပိုင်ဆိုင်ထားတဲ့ Tablet တစ်လုံးတွက် ပေါ့ပါးတယ် ဆိုရမှာပါ။

ဒါကြောင့် ရုပ်ရှင်နဲ့ TV Shows ကြည့်သည်ဖြစ်စေ၊ Emails ဖတ်တဲ့အခါမျိုးနဲ့ မိုဘိုင်းဂိမ်း ၊ Drawing နဲ့ စာစီစာရိုက်တာမျိုးအတွက် T8 က Compact ဖြစ်တယ်၊ Portable လည်းဖြစ်တယ်၊ ယုတ်စွအဆုံး Powerful လည်းဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

၈ လက်မအရွယ် မျက်နှာပြင် အကြောင်းပြောရရင်တော့ T8 ရဲ့ ဘယ်ဘက် ၊ ညာဘက်က Ultra Slim Bezels တွေနဲ့အတူ 80% Screen-to-body Ratio ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ခေတ်မီတဲ့ ဒီဇိုင်းသုံးထားတယ်လို့ ဆိုနိုင်သလို သေးသွယ်တဲ့ Bezel တွေကြောင့် ပိုမိုကောင်းမွန်တဲ့ Viewing Experience ရရှိစေဦးမှာပါ။

အဲ့ဒါကြောင့် ရုပ်ရှင်ကြည့် ၊ ဂိမ်းကစားဖို့အတွက် ကြီးမားတဲ့ Screen က စိတ်အနှောက်ယှက် မဖြစ်စေဘဲ အသုံးပြုနိုင်မှာပါ။

ဒီဇိုင်းပိုင်းမှာဆိုရင်လည်း MatePad T8 ဟာ သပ်ရပ်ကျော့ရှင်းတဲ့ Metallic Finish နဲ့ ဖွဲ့စည်းထားပြီး ခေတ်မီတဲ့ Processing ဒီဇိုင်း ၊ ကြံ့ခိုင်မှုရှိတဲ့ သတ္ထုကိုယ်ထည် အသုံးပြုထားတဲ့အတွက် အပြင်ဖက် ကိုယ်ထည်ဒီဇိုင်းဟာ တောင့်တင်းမှုရှိသလို ဆွဲဆောင်မှုရှိတယ် ဆိုရမှာပါ။

အခုလို ဒီဇိုင်းပိုင်းဖွဲ့နွဲ့တဲ့အခါ Complex Manufacturing Process အသုံးပြုထားတာ ဖြစ်တဲ့အတွက် Tablet ကိုယ်ထည် ကိုင်လိုက်တဲ့အခါ ချောမွေ့မှုကို ခံစားရစေတယ်၊ သတ္ထုကိုယ်ထည် တိုက်စားခံရမှုကိုလည်း ကာကွယ်ထားတဲ့အတွက် Durability ပိုင်း အားဖြည့်ထားတယ်လို့ ပြောနိုင်ပါတယ်။

ဒါကြောင့်မလို့ T8 ဟာ လူငယ်တွေအတွက် သင့်တော်သလို လူကြီး၊ မိဘတွေအနေနဲ့ အသုံးပြုမယ်ဆိုရင်လည်း မတော်တဆ လွတ်ကျ ၊ ပြုတ်ကျတာမျိုး ဖြစ်ပွားခဲ့ရင်တောင် အသေးဖွဲ ထိခိုက်၊ ပွန်းပဲ့တာမျိုးအတွက် ခံနိုင်ရည်အား ရှိပါတယ်။

MatePad T8 ရဲ့ Minimalist ဖြစ်တဲ့ ဒီဇိုင်းပိုင်း ဆက်ပြောရရင် 3D Micro-Arc Design လို့ခေါ်တဲ့ Ergonomic Design အသုံးပြုထားတာ ဖြစ်ပါတယ်။ အဆိုပါ ဒီဇိုင်းဟာ ကိုင်တွယ်အသုံးပြုဖို့ အဆင်ပြေသလို Tablet ကိုယ်ထည်ရဲ့ အစွန်းလေးဖက်ကို အတွင်းဖက် ခုံးနေတဲ့ မျက်နှာပြင် နှစ်ခုနဲ့ Blend တစ်နည်း ပေါင်းစပ်ထားတဲ့အတွက် သုံးနေတဲ့အခါ သက်တောင့်သက်သာ ဖြစ်တယ်၊ အချိန်အတိုင်းတာ တစ်ခုထိ ကိုင်တွယ် အသုံးပြုနေလည်း အဆင်ပြေတဲ့ အနေထားထိ ပေးစွမ်းထားတာ ဖြစ်ပါတယ်။

အခုလို Portable ဖြစ်သလို အလေးချိန် ပေ့ါပါးတဲ့ Tablet ကို သွားလာရင်း အသုံးပြုတဲ့အခါ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားနိုင်ဖို့နဲ့ သက်တောင့်သက်သာ သုံးစွဲနိုင်အောင် ဖန်တီးထားလို့ ပြောရမှာပါ။

T8 ကို Deepsea Blue အရောင်နဲ့ ရရှိနိုင်မှာဖြစ်ပြီး ပင်လယ်ရေတမျှ ကြည်လင်အေးမြနေတဲ့ သဘောသဘာဝကို ဖော်ဆောင်ထားတာပါ။ ၈ လက်မ အရွယ် မျက်နှာပြင်နဲ့အတူ တန်ဖိုးသင့်တင့်မှုရှိတဲ့ Tablet မှာ Octa-core Processor နဲ့ 5,100 mAH High Capacity Battery တို့ပါဝင်ပါတယ်။

ဒါကြောင့် Tablet တစ်လုံးလိုအပ်တဲ့ စွမ်းဆောင်ရည်နဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ ပြီးစီးနိုင်စေဖို့ Powerful Processor ၊ Battery တို့နဲ့ ဖွဲ့စည်းထားတယ် ပြောရမှာပါ။ ထို့အတူ Tablet တွေ ဝယ်လိုအားကောင်းပြီး တန်ဖိုးအရ ယှဉ်ပြိုင်မှု အားကောင်းနေချိန် စွမ်းဆောင်ရည်ပိုင်း လစ်ဟင်းလို့ မရပါဘူး။ ထိုစွမ်းဆောင်ရည်များနှင့် MatePad T8 ကိုမေလ ၃၁ရက်နေ့အထိ ငွေကျပ် ၁၉၉,၀၀၀ (တစ်သိန်းကိုးသောင်းကိုးထောင်)ဖြင့် ကြိုတင်မှာယူပြီး Pre-order လက်ဆောင်အဖြစ် Flip Cover နှင့် Band 3e ကိုရယူနိုင်ပါပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

Source – HUAWEI