Huawei ကနေ မနှစ်တုန်းက Mid Range ဖုန်းတွေအတွက် ထွက်ရှိခဲ့တဲ့ HiSilicon Kirin 810 Processor ဟာ Mid Range Processor တွေထဲမှာ စွမ်းဆောင်ရည်တော်တော်လေးကိုကောင်းတဲ့ Processor တစ်ခုလို့ပြောလို့ရပါတယ်။ အခုလည်း Huawei ကနေ 7nm Architecture ကို အခြေခံထားတဲ့ Kirin 820 Processor အသစ်ကို ထပ်ပြီးမိတ်ဆက်ဖို့စီစဥ်နေပါပြီ။

အခုနောက်ဆုံးသိထားရတဲ့သတင်းတွေအရ Kirin 820 Processor အသစ်ဟာ 7nm Architecture အပြင် Cortex-A76 Cores တွေကိုအသုံးပြုလာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ GPU ပိုင်းမှာ Mali-G77 GPU ကိုအသုံးပြုလာဦးမှာဖြစ်ပါတယ်။

ဒီ GPU ပိုင်းမှာ Mali-G77 ကိုသုံးလာမယ်ဆိုတာ Huawei အတွက်တော့ ကြီးမားတဲ့သတင်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာ အဆိုပါ Mali-G77 GPU ကို Galaxy S20 လိုမျိုး Flagship ဖုန်းတွေမှာပဲ အသုံးပြုနေတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Exynos 990 Chipset နဲ့ MediaTek Dimensity 1000 လိုမျိုး Flagship Chipset တွေမှာပဲ ပါဝင်တာပါ။

အဲ့ဒီအတွက် ဒီ Kirin 820 Chipset ဟာ Gaming ပိုင်းမှာ Flagship ဖုန်းတွေလိုမျိုး စွမ်းဆောင်ရည်ရှိလာဖို့ကတော့ သေချာသလောက်ဖြစ်နေပြီး တခြား Mid Range ဖုန်းတွေထက် ပိုကောင်းလာမှာပါ။ လောလောဆယ်အထိ ဒီ Kirin 820 Chipset ကို ဘယ်ဖုန်းတွေက အစောဆုံးအသုံးပြုလာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref – Android Authority