Huawei Consumer Business Group (BG) (မြန်မာ)မှ စတိုင်ကျလှပပြီး ခေတ်ရေစီးကြောင်းနှင့်အပြိုင် လိုက်ဖက်ညီသည့် HUAWEI nova 10 Series များအား မြန်မာနိုင်ငံတွင်မိတ်ဆက်ခဲ့သည်။ 10th generation nova ဖုန်းများသည် ‌ခေတ်မီဒီဇိုင်းနှင့် နောက်ဆုံးပေါ် လက်ရာများဖြင့်ပြုလုပ်ထားကာ တစ်လက်လက်တောက်ပနေသည့် ကြယ်ပတ်လမ်းကြောင်းပုံစံကို အခြေခံထားသည့် HUAWEI nova series များ၏ဒီဇိုင်းကို အမွေဆက်ခံထားသည်။ အထူးသဖြင့် 10th generation nova ဖုန်းများသည် ထပ်မံ ဖြည့်စွက်ထားသော လုပ်ဆောင်ချက်များနှင့် အတူအရှေ့ကင်မရာ၏ လုပ်ဆောင်ချက်များအားတိုးမြင့်ထားသည်။

Selfie မှအစ Vlog ရိုက်ခြင်းအဆုံး HUAWEI nova Series များမှာ မိုဘိုင်းဖုန်းများ၏ အရှေ့ကင်မရာနည်းပညာ တီထွင်ဆန်းသစ်မှုများတွင်ဦးဆောင်နေသည်။ 10th generation nova ဖုန်းများတွင် ပထမဆုံးသော အရှေ့ကင်မရာ 60MP Ultra-Wide Autofocus လုပ်ဆောင်ချက်ပါဝင်ပြီး 100 ဒီဂရီ Wide angle နှင့် 4K ဗီဒီယိုအား အထောက်အပံ့ပေးကာ အလင်းတုံံ့ပြန်မှုနှင့် အကောင်းဆုံး resolution အားပေးနိုင်သည်။ ထို့ပြင် အရှေ့ဘက်ရှိ 8MP Portrait Close-up ကင်မရာ တွင် ပထမဦးဆုံးအနေဖြင့် 2X optical zoom မှ 5X digital zoom အထိထောက်ပံ့ပေးသည့်အတွက် အကောင်းဆုံး အနီးကပ် Portrait ပုံရိပ်များကိုရရှိနိုင်မည်ဖြစ်သည်။

pixel တစ်ခုချင်းစီတိုင်းအား ဓါတ်ပုံရိုက်ခြင်းနှင့် focus အတွက်ရည်ရွယ်၍ HUAWEI nova 10 Pro သည် Quad Phased Detection (QPD) နှင့် အလိုအလျောက် focus ချိန်ပေးနိုင်သော Instant AF တို့ထည့်သွင်း ထုတ်လုပ်ထားသော အ‌ရှေ့ကင်မရာပါဝင်သည့် ပထမဆုံးသော ဖုန်းဖြစ်သည်။ ပုံမှန် Autofocus lens များနှင့်နှိုင်းယှဉ်ပါက wide-angle ပုံများ၏ resolution အား ၁၁၉ ရာခိုင်နှုန်းပိုမိုကောင်းမွန်စေပြီး Focus Speed ၃၀ ရာခိုင်နှုန်းပိုမိုတိုးလာစေသည်။ ရိုက်လိုသည့် အရာဝတ္ထုပေါ်တွင် Portrait Close-up ကင်မရာနှင့် autofocus တို့အား ပေါင်းစပ်အသုံးပြုခြင်းဖြင့် အနီးကပ် Portrait ရိုက်ချက်များတွင် resolution ၁၅၀ ရာခိုင်နှုန်းထိ မြင့်တက်သွားစေသည်။

XD Fusion Frame composition သည် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ကြည်လင်ပြတ်သားသောအနီးကပ် Portrait ပုံများကိုဖမ်းယူနိုင်ရန်ကူညီပေးပြီး အကောင်းဆုံး Bokeh effect ရိုက်ချက်များရရှိစေရန် အရှေ့ဘက်အလင်း၊ အနောက်ဘက်အလင်းနှင့် Multi-exposure high dynamic range (HDR) ရိုက်ချက်များစသည်ဖြင့် မိုဘိုင်းဖုန်း ဓါတ်ပုံနည်းပညာအားတိုးတက်စေရန် ကူညီပေးသည်။

HUAWEI nova 10 Pro တွင် 0.7X~5X zoom ပါဝင်သည့်အတွက် 54mm portrait focal length၊ 27mm wide-angle focal length နှင့် 19mm ultra-wide-angle focal length တို့ဖြင့် မည်သည့်အကွာအ‌ဝေးမှ ရိုက်ရိုက် တစ်သမတ်တည်းကျပြီး အကောင်းဆုံး ပုံရိပ်အရည်အသွေးကိုရရှိစေနိုင်သည်။

Photo – HUAWEI nova 10

ထို့ပြင် HUAWEI nova 10 Pro ၏ အနောက်ဘက်ကင်မရာတွင် 50MP Ultra Vision Photography နည်းပညာ ထည့်သွင်းထားသည်။ အနောက်ဘက်ကင်မရာတွင် ပုံမှန် sensor များနှင့်နှိုင်းယှဉ်ပါက အလင်းစုပ်ယူနိုင်မှု ၄၀ရာခိုင်နှုန်းပိုမိုများသော Huawei ၏ Flagship ဖုန်းများတွင်ပါလေ့ရှိသည့် RYYB Color Filter Array အားထည့်သွင်းထုတ်လုပ်ထားသည်။ ထို့ပြင် Instant AF with QPD နှင့် အလင်းရောင်အားနည်းသည့် ပတ်ဝန်းကျင်တွင် အကောင်းဆုံး ဓါတ်ပုံများကို ဖန်တီးပေးနိုင်သည့် zero shutter-lag technology (ZSL) တို့အပြင် အမှတ်တရများကို အမိအရ ရိုက်ကူးပေးနိုင်သော AI Snapshot function ကိုပါ ထောက်ပံ့ပေးသည်။

Vlogging သည် ယနေ့ခေတ်လူငယ်များအတွက် video-focused social media platforms များတွင် နေ့စဉ်ဘဝကို ဝေမျှပြီး ဖော်ပြရန်အတွက် နည်းလမ်းအသစ်တစ်ခုဖြစ်လာသည်။ HUAWEI nova 10 Pro၏ အကောင်းဆုံး ကင်မရာများသည် အကောင်းဆုံး Vlogs များဖန်တီးပေးနိုင်သည်။

အရှေ့ကင်မရာနှစ်လုံး၏ အဆင့်မြင့်တင်ထားသော Autofocus လုပ်ဆောင်ချက်များနှင့်အတူ HUAWEI nova 10 Pro တွင် ကင်မရာချိန်ထားနေစဉ်အတွင်း မတူညီသော အရာဝတ္ထုများကို အလိုအလျောက်ပါးနပ်စွာ focus ပြောင်းလဲချိန်ပေးနိုင်သည်။ Showcase Focus Function မှလည်း Vlogs များအား အလင်းရောင်အားနည်းသည့် အခန်းတွင်းရိုက်လျင်တောင် ရုပ်ထွက်ကောင်းမွန်စေသည်။ ထို့ပြင် ဖုန်း၏ အရှေ့ကင်မရာနှစ်လုံးအား အသုံးပြု၍ မျက်နှာပုံစံ၊ လိမ်းခြယ်ထားသော မိတ်ကပ်၊ ဝတ်ဆင်ထားသော အသုံးအဆောင်များကိုပါ အသေးစိတ် အဆက်မပြတ်ရိုက်နိုင်ပြီး အရှေ့ကင်မရာရော အနောက်ကင်မရာပါအပြင် Picture in Picture shooting ကိုပါ ရိုက်ကူးနိုင်မည်ဖြစ်သည်။ မြင်ကွင်းကျယ် ပြင်ပရိုက်ကူးမှုများအတွက် 0.7X~5X zoom ဗီဒီယိုများအား အရှေ့ကင်မရာ ၂ လုံး၏ အားကောင်းသော Dual Autofocus လုပ်ဆောင်နိုင်စွမ်းမှ ထပ်ဆောင်း၍ထောက်ပံ့ပေး ထားသောကြောင့် အလွယ်တကူ zoom အားထိန်းညှိရိုက်ကူးနိုင်သည်။

အနောက်ဘက်ကင်မရာကို အသုံးပြု၍ ဗီဒီယိုရိုက်ကူးရာတွင် HUAWEI nova 10 Pro တွင် အရာဝတ္ထုအား ပုံသေချိန်ထားပြီး အရာဝတ္ထုရွေ့လျားသည့်အခါတွင်အလိုလျောက် Focus လိုက်ပေးသော Follow Focus Function ပါဝင်သည်။ အရာဝတ္ထုမှာ တစ်ခုခုနှင့် ခဏတစ်ဖြုတ်ကွယ်သွားလျှင်တောင်မှ ပြန်လည်မြင်ရသည့် အချိန်တွင် Focus အား အ‌နှောက်အယှက်မရှိ အလွယ်တကူချိန်ညှိပေးနိုင်မည်ဖြစ်သည်။ HUAWEI nova 10 Pro တွင် Audio Tracking၊ Background Sound Suppression နှင့် P3 Wide Colour Gamut စသည့် Functions များအား ပေါင်းစပ်ထားသည်။ ထို့ပြင် nova 10 Series တွင် motion photography၊ video stabilization၊ colour grading၊ audio pick-up နှင့် အရည်အသွေးမြင့် Vlog ရိုက်ကူးခြင်းများအတွက် editing technologies များထည့်သွင်းထားသော one-click video creation app ဖြစ်သည့် Petal Clip ပါဝင်သည်။

HUWEI nova 10 Series သည် ယခင် nova series များ၏ ကြယ်ပတ်လမ်းကြောင်းပုံစံအား အမွေဆက်ခံကာ ပိုမိုလင်းလက်တောက်ပပြီး ပိုမိုနူးညံ့သော အထိအတွေ့ကိုရရှိစေနိုင်မည့် အဆင့်မြင့်တင်ထားသော ကြယ်ပတ်လမ်းကြောင်း ပုံစံအားဖန်တီးထားသည်။ HUAWEI nova 10 Pro သည် 7.88mm အထူနှင့် အလေးချိန်မှာ 191g သာရှိပြီး၊ nova 10 မှာ 6.88mm အထူသာရှိပြီး အလေးချိန်မှာ 168g သာရှိသည့်အတွက် ပိုမိုပါးလွှာပြီး ပိုမိုပေါ့ပါးသည်။ ဖုန်းမော်ဒယ်လ်နှစ်မျိုးလုံးမှာ Performance ‌ကောင်းပြီး လက်ထဲတွင် ကိုင်ရမြဲစေရန် ဒီဇိုင်းထုတ်လုပ်ထားသည်။

Nova 10 Series စမတ်ဖုန်းများသည် Starry Silver အရောင်ဖြင့်ထုတ်လုပ်ထားပြီး ကင်မရာပတ်လည်တွင် ရွှေရောင်ကြယ်ပတ်လမ်းကြောင်းပုံစံဖြင့် အနားသတ်ထားသောကြောင့် ခမ်းနားထည်ဝါသည့် ခံစားချက်ကို ရရှိစေမည်ဖြစ်သည်။ ထို့ပြင် HUAWEI nova 10 သည် Starry Black (အနက်ရောင်) နှင့် Provence (ခရမ်း‌ဖျော့ရောင်) တို့အားလည်း ထုတ်လုပ်ထားသည့်အတွက် စိတ်ကြိုက်အရောင်များကိုရွေးချယ်နိုင်မည် ဖြစ်သည်။

HUAWEI nova 10 series ဖုန်းများဖြင့် မိုဘိုင်းဂိမ်းကစားရာတွင်ဖြစ်စေ၊ ဗီဒီယိုနှင့် ဓါတ်ပုံများ ကြည့်ရာတွင်ဖြစ်စေ ကြည်လင်တောက်ပပြီး အရောင်ထွက်မှန်ကန်သော မျက်နှာပြင်ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။ HUAWEI nova 10 Series ဖုန်းများသည် 1.07 billion colours၊ 120Hz high refresh rate နှင့် 300Hz touch sampling rate တို့အား ထောက်ပံ့ပေးသည့်အတွက် နေ့စဉ်အသုံးပြုမှုနှင့် အင်တာနက်နှင့် Website ကြည့်ရှုရာတွင် ပိုမိုအဆင်ပြေသွက်လက်သော အတွေ့အကြုံကို ခံစားရမည်ဖြစ်သည်။

ဗီဒီယိုနှင့် မိုဘိုင်းဂိမ်းကစားခြင်းကဲ့သို့ high-frequency application များအားအသုံးပြုရာမှ ပေါ်ပေါက်လာသော ဘက်ထရီသက်တမ်းထိခိုက်မှုများနှင့်ပက်သက်၍ ဖြေရှင်းနိုင်ရန် Huawei မှ Fast Charging နည်းပညာကို ဆက်လက် ထောက်ပံ့ပေးထားသည်။ HUAWEI nova 10 Pro သည် 100W HUAWEI SuperCharge အား အထောက်အပံ့ပေးပြီး ပါဝါအသုံးပြုမှု ကန့်သတ်ချက်ကို ကျော်လွှားနိုင်ရန် Turbo mode အသစ်အား ပထမဆုံးထည့်သွင်းထုတ်လုပ်ထားသည်။ ဖုန်းအား ၆၀ ရာခိုင်နှုန်းအထိအားပြည့်ရန် ၁၀ မိနစ်သာလိုအပ်ပြီး ရာခိုင်နှုန်းအပြည့်အားသွင်းရန် မိနစ် ၂၀ သာလိုအပ်သည်။

HUAWEI nova 10 Pro တွင် အပူကူးပြောင်းမှုပြုလုပ်နိုင်သော Ultra-Generation VC Liquid Cooling စနစ်အား ထည့်သွင်းထားသည်။ ၎င်းတွင် ဖုန်း၏မျက်နှာပြင် ပူသည့်နေရာများအားအာရုံခံနိုင်သည့် AI-powered temperature-sensing technology ပါဝင်ပြီး အပူပြန်လည်ကူးပြောင်းစေသည့်အတွက် ဖုန်းအပူသက်သာပြီး ပိုမိုလွယ်ကူချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်သည်။

HUAWEI nova 10 Series တွင် new Touch Turbo 2.0 ထည့်သွင်းထားသည့်အတွက် မိုဘိုင်းဂိမ်းကစားရာတွင် ဖုန်းကို အနည်းငယ်မျှလှုပ်ရုံဖြင့် သတ်မှတ်သော operation key များကို အသုံးပြုနိုင်မည်ဖြစ်သည်။ HUAWEI nova 10 Series တွင် Stereo Dual Speakers များပါဝင်ပြီး Histen ultra-wide sound field ထည့်သွင်းထားသည့်အတွက် ရုပ်ရှင်နှင့် သီချင်းများနားထောင်ရာတွင် အကောင်းဆုံး အသံစနစ်ဖြင့် နားဆင်နိုင်မည်ဖြစ်သည်။

ထို့ပြင် HUAWEI nova 10 Series တွင် ဆက်သွယ်ရေးအတွက် အဆင့်မြင့်တင်ထားသော Wi-Fi 6 နှင့် 3.2Gbps rate အထိ အသုံးပြုနိုင်သော ပိုမိုမြန်ဆန်သည့် အင်တာနက် Upload နှင့် Download Speed ကို ရရှိစေနိုင်သည့် 4K QAM modulation ကိုပါ အထောက်အပံ့ပေးသည်။

HUAWEI nova 10 Series ကို RAM 8GB +256GB Storage ဖြင့် ရရှိမှာ ဖြစ်ပြီး nova 10 တွင် Starry Silver (ငွေမှင်ရောင်)၊ Starry Black (အနက်‌ရောင်)နှင့် Provence (ခရမ်း‌ဖျော့ရောင်)တို့အား မြန်မာကျပ် ၁,၃၉၉,၀၀၀ ဖြင့်လည်းကောင်း၊ nova 10 Pro တွင် Starry Silver (ငွေမှင်ရောင်)နှင့် Starry Black (အနက်‌ရောင်)တို့အား မြန်မာကျပ် ၁,၅၉၉,၀၀၀ ဖြင့်လည်းကောင်း စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၅) ရက်နေ့အထိ Pre-order မှာယူနိုင်ပြီး Huawei Band 7 အားလက်ဆောင်ရယူနိုင်မည်ဖြစ်သည်။

Press Release – HUAWEI