Huawei ဟာ လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်းမှာ Huawei nova 10 Series ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ အခုလိုမျိုး မိတ်ဆက်ဖို့အချိန်နီးကပ်လာတာနဲ့အတူ Huawei nova 10 Series ဖုန်းတွေရဲ့ သတင်းတွေလည်း ပေါက်ကြားလာခဲ့ပါပြီ။

အခုလည်း တရုတ်နိုင်ငံရဲ့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Huawei nova 10 Pro ဖုန်းမှာ ပါဝင်လာမယ့် Feature တစ်ခုကို ပြောကြားလိုက်ပါပြီ။ ဒါကတော့ Huawei nova 10 Pro ဖုန်းဟာ Charging ပိုင်းကို 100W Fast Charging အထိ ထောက်ပံ့ပေးသွားမှာပဲဖြစ်ပါတဘ်။

Huawei nova 10 Pro ဖုန်းဟာ Battery Capacity အနေနဲ့ 4500mAh ပါဝင်မှာဖြစ်ပြီး 0-100% ပြည့်ဖို့အတွက် အချိန်မိနစ် ၂၀ ခန့်ပဲ ကြာမြင့်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တခြားသော စမတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Xiaomi ၊ realme နဲ့ OnePlus တို့ကလည်း 100W နှင့်အထက် Fast Charging ဖုန်းတွေကို မိတ်ဆက်လာတာကြောင့် Huawei အနေနဲ့ အခုလိုမျိုး Charging ပိုင်းကို အဆင့်မြှင့်တင်လိုက်တာဖြစ်နိုင်ပါတယ်။

တခြားသော Feature တွေအနေနဲ့ကတော့ Huawei nova 10 Pro ဖုန်းဟာ 6.78″ 120Hz Dual-curved Waterfall AMOLED Display ကို အသုံးပြုလာမှာဖြစ်ပြီး 2652 * 1200 Resolution ရှိမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ 50MP RYYB Primary Sensor ပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပြီး Selfie Camera ပိုင်းမှာလည်း 60MP Primary Sensor + 8MP Portrait Telephoto Sensor တွေပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 778G Processor ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ဒါပေမယ့် 5G ကိုတော့အသုံးပြုနိုင်မှာမဟုတ်တဲ့အတွက် 4G ကိုပဲ Support ပြုလုပ်မှာဖြစ်ပါတယ်။

Ref – Gizmo China