Huawei ဟာ ပြီးခဲ့တဲ့ လတုန်းက တရုတ်နိုင်ငံစျေးကွက်မှာ Nova 11 Seris ဖုန်းတွေဖြစ်တဲ့ Nova 11 ၊ Nova 11 Pro နဲ့ Nova 11 Ultra ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အခုလည်း Huawei ဟာ South Africa စျေးကွက်အတွက် Nova 11i အမည်ရတဲ့ နောက်ထပ် စမတ်ဖုန်းအသစ်တစ်လုံးကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။

Huawei Nova 11i ရဲ့ ထူးခြားချက်က တခြားသော Nova 11 Series ဖုန်းတွေလိုမျိုး 5G Version မဟုတ်ဘဲ 4G Network ကိုပဲ​ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Specification အရလည်း သာမန် Mid Range ဖုန်းတစ်လုံးအနေနဲ့ပဲ ထွက်ရှိလာတာဖြစ်ပါတယ်။

Display အတွက် 6.8″ Full HD+ IPS LCD Display ကို အသုံးပြုထားပြီး 2388×1080 Pixels Resolution အပြင် 90Hz Refresh Rate ၊ 270Hz Touch Sampling Rate တွေကို ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက် Qualcomm Snapdragon 680 Chipset ကိုပဲ အသုံးပြုထားပြီး RAM 8GB ၊​ Storage 128GB ပါဝင်မယ်လို့ သိရပါတယ်။​ Storage ထပ်မံတိုးချဲ့ဖို့အတွက် MicroSD Card Slot ကိုပါ ထောက်ပံ့ပေးထားမှာပါ။

Camera ပိုင်းအတွက် 48MP Main Sensor နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Dual Camera Setup ကိုအသုံးပြုထားပြီး Selfie Camera အတွက် 16MP Sensor ကို Punch-hole အနေနဲ့ ထည့်သွင်းပေးထားပါတယ်။ Battery အတွက်ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 40W Fast Charging လည်း ပါဝင်မှာဖြစ်ပါတယ်။

Huawei Nova 11i ဖုန်းဟာ Software ပိုင်းမှာ EMUI 13 ကို အသုံးပြုထားပြီး USB-C ၊​ Face Unlock နဲ့ Side-mounted Fingerprint Sensor တွေလည်း ထည့်သွင်းပေးထားပါတယ်။ အရောင်အနေနဲ့ Starry Black နဲ့ Mint Green ဆိုပြီး ၂ မျိုးထွက်ရှိထားပြီး စျေးနှုန်းအနေနဲ့ ဒေါ်လာ ၃၂၀ (မြန်မာငွေ ၉ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China