Huawei က တရုတ်မှာ Nova 12 Series ကို ကြေညာလိုက်ပြီး Nova 12 အကြောင်းကို ပြောပြချင်ပါတယ်။ Huawei Nova 12 မှာ 6.7” OLED မျက်နှာပြင်ပြား တပ်ဆင်ထားပြီး Full HD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Huawei nova 12 unveiled with a 6.7'' 120Hz screen and 60MP selfie camera, nova 12 Lite tags along

စွမ်းရည်သင့် ဖုန်း ဖြစ်ပြီး Kirin 8000 SoC မောင်းနှင်ထားကာ 4G ဆက်သွယ်မှုကိုပဲ ထောက်ပံ့ထားပါတယ်။ 512GB Storage အထိပါလာပြီး အမိုက်စား 100W Wired Fast Charging ထောက်ပံ့တဲ့ 4,600mAh Battery ပါပါတယ်။

အနောက်ဘက်မှာ 50MP Main , 8MP Ultrawide နဲ့ Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Nova 12 မှာ Pro နဲ့ Ultra Version မှာလို Variable Aperture မပါလာဘဲ Fixed f/1.9 Aperture ပဲ ပါလာပါတယ်။ အရှေ့ဘက်မှာ 60MP Ultrawide Angle ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။

Huawei Nova 12 အတွက် Blue , Gray နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 256GB နဲ့ 512GB Storage Version ၂ မျိုး ထုတ်လုပ်ထားပြီး ၄၂၀ ဒေါ်လာနဲ့ ၅၆၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကြိုတင်ရောင်းချပေးနေပြီး နောက်လ ၅ ရက်နေ့ ပထမဆုံး အသုတ် ရောင်းချပေးမှာပါ။

Ref : gizmochina