Huawei က တရုတ်မှာ nova 14 Ultra ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ 50MP Periscope ကင်မရာ၊ LTPO 3.0 OLED နဲ့ 1TB Storage အထိ ပါလာပါတယ်။ ထုံးစံအတိုင်း Huawei က Chipset ကို မပြောပါဘူး။
Huawei nova 14 Ultra မှာ 6.81” Quad Curved OLED FHD+ Display သုံးထားပြီး 1-120Hz Refresh Rate ပါလာပါတယ်။ LTPO 3.0 Panel ဖြစ်ပြီး Huawei က စွမ်းအင် စားသုံးမှု သက်သာတယ်လို့ ပြောပါတယ်။ Kunlun Glass Protection ပါလာပြီး 5,500 Nits Peak Brightness ထုတ်လုပ်ပေးပါတယ်။
အရှေ့ဘက်မှာ Ultrawide (0.8x) Shot ကို ထောက်ပံ့တဲ့ 50MP နဲ့ 2x Optical Zoom ရတဲ့ 8MP ကင်မရာ ၂ လုံး တပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main (Variable f/1.4-f/4.0 Aperture, OIS) , 13MP Ultrawide နဲ့ 50MP Periscope (3.7x Optical Zoom) ကင်မရာ ၃ လုံး ပါလာပါတယ်။
Huawie nova 14 Ultra မှာ HarmonyOS 5 ထည့်ထားပြီး 100W Fast Charging ထောက်ပံ့တဲ့ 5,500mAh Silicon Carbon Battery ပါလာပါတယ်။ IP68/69 ရေစိုခံစံနှုန်း ထည့်ထားပြီး တရုတ်မှာ ဂြိုလ်တု ဆက်သွယ်ရေး သုံးနိုင်ပါတယ်။
256GB Version ကို ၅၈၂ ဒေါ်လာနဲ့ 1TB Version ကို ၆၉၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena