Huawei က nova 14 Series ကို တရုတ်မှာ ကြေညာလိုက်ပြီး nova 14 နဲ့ nova 14 Pro တို့ ပါလာပါတယ်။
Nova 14 Pro မှာ 6.7” LTPO OLED (FHD+ 120Hz) နဲ့ nova 14 မှာ 6.7” OLED (FHD+ 120Hz) Display သုံးထားပါတယ်။ Pro မှာ 50MP+8MP အရှေ့ ကင်မရာ ၂ လုံးနဲ့ nova 14 မှာ 50MP အရှေ့ ကင်မရာ ၁ လုံး တပ်ထားပါတယ်။
Pro မှာ Variable Aperture နဲ့ OIS ပါတဲ့ 50MP Main , 12MP Telephoto နဲ့ 8MP Ultrawide ကင်မရာ ၃ လုံးကို အနောက်ဘက်မှာ ထည့်ထားပါတယ်။ nova 14 မှာ 50MP Main , 12MP Telephoto နဲ့ 8MP Ultrawide ကင်မရာတွေ ပါပါတယ်။
ဖုန်း ၂ လုံးစလုံးမှာ HarmonyOS 5.0 မောင်းနှင်ထားပြီး 100W Charging ပါတဲ့ 5,500mAh Silicon-carbon Battery ပါလာပါတယ်။ IP65 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။
Nova 14 ရဲ့ 256GB Version ကို ၃၇၄ ဒေါ်လာနဲ့ 512GB Version ကို ၄၁၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ nova 14 Pro ရဲ့ 256GB Version ကို ၄၈၅ ဒေါ်လာနဲ့ 512GB Version ကို ၅၂၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလနှောင်းပိုင်းမှာ ပို့ဆောင်ပေးမှာပါ။ နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို Huawei က မပြောသေးပါဘူး။
Ref : gsmarena