ဧပြီလ ၂၃ ရက်နေ့မှာ မိတ်ဆက်လာမယ့် Huawei Nova 7 စမတ်ဖုန်းရဲ့ Leak ဓါတ်ပုံတစ်ခုထဲမှာ ဒီဖုန်းရဲ့ Punch-hole Display နဲ့ နောက်ဘက်က စတုဂံပုံသဏ္ဍာန် ကင်မရာတို့ကို တွေ့ခဲ့ရပါတယ်။ ယနေ့မှာတော့ Huawei တရားဝင် Weibo အကောင့်ကနေ Nova 7 ရဲ့ပုံရိပ်ပါဝင်တဲ့ Teaser Video ကို တင်ပြီး အတည်ပြုပေးလိုက်ပါပြီ။

ဗီဒီယိုထဲမှာ Curved Edge Display နဲ့ စမတ်ဖုန်းတစ်ခုကိုတွေ့ရပြီး Kirin 990 5G ချစ်ပ်ဆက်ပါမယ်လို့ သတင်းထွက်နေတဲ့ Nova 7 Pro စမတ်ဖုန်းဖြစ်နိုင်ပါတယ်။

ဒါ့အပြင် Geekbench ပေါ်မှာ Nova 7 ဖုန်းလို့ ယူဆရတဲ့ မော်ဒယ်နံပါတ် HNB-AN10 နဲ့စမတ်ဖုန်းတစ်လုံးကို မြင်ခဲ့ရပြီး Android 10 နဲ့ 8GB RAM တို့ ပါဝင်ပါတယ်။ အဆိုပါဟန်းဆက်မှာ 1.84GHz Octa-core ချစ်ပ်ဆက်ပါဝင်ကာ မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ 7nm Kirin 985 ချစ်ပ်ဆက် ဖြစ်နိုင်ပါတယ်။

လာမယ့်ဧပြီ ၂၃ ရက်နေ့မှာ Nova 7 နဲ့ Nova 7 Pro တို့သာမကဘဲ Kirin 820 နဲ့ Nova 7 SE ကိုပါ မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena