Huawei ဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက Nova 7 , Nova 7 Pro ဖုန်းတွေနဲ့အတူ Nova 7 SE ဖုန်းကိုပါ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Nova 7 SE ဟာ Huawei ရဲ့ ကိုယ်ပိုင် HiSilicon Kirin 820 5G Chipset ကို အသုံးပြုထားတာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်လေးကို ကောင်းမွန်တယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ TSMC က Huawei ကို Chip တွေထောက်ပံ့ပေးမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်တဲ့အတွက် Kirin Chipset တွေထုတ်လုပ်မှုကပါ ရပ်ဆိုင်းရမလိုဖြစ်နေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei ကနေ Nova 7 SE စမတ်ဖုန်းကို Chipset ပြောင်းလဲပြီး မိတ်ဆက်သွားတော့မယ်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ရဲ့ ပြောကြားချက်အရ Huawei Nova 7 SE ဖုန်းကို Kirin 820 Chipset အစား MediaTek Dimensity 800U Chipset နဲ့ ပြောင်းလဲထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ Nova 7 SE Version အသစ်ဟာ Screen နဲ့ Camera Setup ပိုင်း ပြောင်းလဲမှုမရှိဘူးဆိုပေမယ့်လည်း Design ပိုင်းတော့ အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ MediaTek Dimensity 800U Chipset ဟာ အစောပိုင်း Kirin 820 Chipset ထက် အားနည်းနေမှာဖြစ်ပါတယ်။ ဒီလိုမျိုး စွမ်းဆောင်ရည်ပိုင်းမှာ နိမ့်ကျသွားတဲ့အတွက် စျေးနှုန်းအနေနဲ့လည်း လက်ရှိ Kirin 820 Chipset Version ထက် ပိုပြီး သက်သာဖို့ရှိတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ Huawei အနေနဲ့ အခုလိုမျိုးပဲ စမတ်ဖုန်းတွေအကုန်လုံးကို ကိုယ်ပိုင် Chipset အစား MediaTek Chipset တွေကိုပဲ ပြောင်းလဲအသုံးပြုရဖို့များနေပါတယ်။

Ref – Gizmo China