မကြာသေးမီကာလ Huawei မှ နိုင်ငံအချို့တွင် ဓာတ်ပုံနှင့် ဖျော်ဖြေရေးအတွေ့အကြုံအသစ်တို့ကို ခံစားစေနိုင်ရန် HUAWEI ရဲ့ Nova Series အသစ်ဖြစ်တဲ့ HUAWEI nova 7i ကို မိတ်ဆက်လိုက်ပြီဖြစ်ပြီး တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံဈေးကွက်တွင် မတ်လ (၁) ရက်နေ့မှစပြီး စတင်ရောင်းချတော့မှာဖြစ်ပါသည်။ Pre-Order ကာလကို ဖေဖော်ဝါရီ (၂၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၉) ရက်နေ့အထိ မှာယူနိုင်ပြီး Pre-Order မှာယူသူများအတွက် HUAWEI Band4 လက်ဆောင်ရရှိမှာပဲဖြစ်ပါသည်။ ခန့်မှန်းဈေးနှုန်းအားဖြင့် လေးသိန်းကျပ် ဝန်းကျင်ဖြင့် ရောင်းချဖွယ် ရှိပြီး မကြာမီ ပြည်တွင်း ဈေးကွက်အတွင်း ရောက်ရှိလာမည့် HUAWEI Nova7i နှင့်ပတ်သတ်ပြီး ထူးထူးခြားခြားပါဝင်လာသည့် အချက်များကို ဝေမျှလိုက်ရပါသည်။

ထူးခြားသော လေးထောင့်ကင်မရာဒီဇိုင်း

Huawei သည် HUAWEI nova series များကို ဒီဇိုင်းနှင့်ပတ်သက်လျှင် အမြဲဆန်းသစ်လှပစေရန် တီထွင်ပြုလုပ်လေ့ရှိသည်။ HUAWEI nova 7i ကို နောက်ကျောတွင် လေးထောင့်ပုံစံကင်မရာလေးလုံးပါဝင်ပြီး ၆.၅ လက်မရှိသော HUAWEI Punch FullView Display၊ ပေါ့ပါးသောကိုယ်ထည်ဖြင့် ကွေးထားသောအနားဘောင်တို့က ကိုင်တွယ်ရပိုမိုလွယ်ကူစေအောင် ပြုလုပ်ပေးထားသည်။ ကင်မရာစွမ်းဆောင်ရည်ကို အာရုံစိုက်လာကြသည့် လူငယ်တွေအတွက် HUAWEI nova 7i တွင် 48MP ပင်မကင်မရာ၊ 8MP Ultra Wide-Angle ကင်မရာ၊ 2MP Macro ကင်မရာနှင့် 2MP Bokeh ကင်မရာတို့ ပါဝင်ပါသည်။ 48MP ပင်မကင်မရာတွင် f/1.8 aperture ရှိသော ½-inch အာရုံခံကိရိယာတပ်ဆင်ထားပြီး multi-frame composition နည်းပညာက ရိုက်ကူးထားသောဓာတ်ပုံများကိုပေါင်းစပ်၍ အကောင်းဆုံးသော ပုံရိပ်တွေကိုဖန်တီးနိုင်မည်ဖြစ်သည်။ ညအချိန်ရိုက်ကူးရာတွင်လည်း 4-in-1 pixel နည်းပညာနှင့် စွမ်းရည်မြင့် AI ကိုအသုံးပြုထားသောကြောင့် အလင်းရောင်နည်းပါးပြီး မှောင်နေသောနေရာများတွင် ရိုက်ကူးသောအခါတွင်လည်း ကြည်လင်ပြတ်သားသောပုံရိပ်တို့ကို ရရှိနိုင်မည်ဖြစ်သည်။ HUAWEI nova 7i တွင်ပါဝင်သည့် Ultra-Wide Angle ကင်မရာက ၁၂၀ ဒီဂရီမြင်ကွင်းကျယ်ကို ပံံ့ပိုးပေးသောကြောင့် အုပ်စုလိုက်ဓာတ်ပုံရိုက်ခြင်းနှင့် ခရီးသွားဓာတ်ပုံရိုက်ရာတို့တွင် သမရိုးကျ ကင်မရာများထပ် ပိုမိုကောင်းမွန်သော မြင်ကွင်းကျယ်ပုံရိပ်တွေကို ရိုက်ကူးနိုင်မည်ဖြစ်သည်။

40mm macro ကင်မရာက ပုံမှန်မျက်စိဖြင့်အလွယ်တကူ မမြင်နိုင်သော ပန်းပွင့်ထိပ်ပေါ်ကဝတ်မှုန်များနှင့် ပန်းပွင့်ဖတ်ပေါ်ကနှင်းစက်များအစရှိသည့် သေးငယ်သောအရာများကိုပါ ဖမ်းယူရိုက်ကူးနိုင်မှာပဲဖြစ်ပါသည်။

နည်းပညာမြင့် AI အသုံးပြုထားခြင်းကြောင့် Portrait ဓာတ်ပုံရိုက်ကူးရာတွင် သဘာဝဆန်ဆန်နောက်ခံ background ကိုဝါးသွားစေပြီး လှပသောဓာတ်ပုံကိုရရှိနိုင်မည်ဖြစ်သည်။

ဖျော်ဖြေရေးနှင့်ဂိမ်းကစားမှုအတွေ့အကြုံကောင်းအတွက် ရည်ရွယ်ထားသည့် Kirin 810 Chip

HUAWEI nova 7i တွင်ပါဝင်သည့် 7nm နည်းပညာအသုံးပြုထားသည့် Kirin 810 chipset က AI စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေသည်။ Kirin 810 ကို “2+6” CPU core စနစ်များဖြင့်ဖွဲ့စည်းထားပါသည်။ ပိုကြီးတဲ့ Cortex A-76 core နှစ်ခုက နာရီအမြန်နှုန်း 2.27GHz အထိရောက်ရှိနိုင်ပြီး Cortex-A55 core အသေးခြောက်ခုက 1.88GHz အထိရောက်ရှိနိုင်ပြီး စွမ်းအင်သုံးစွဲမှုနည်းနည်းဖြင့် စွမ်းဆောင်ရည်ပိုမိုအားကောင်းစေပါသည်။ ထို့အပြင် Kirin 810 က Mali G52 GPU ဖြင့်ပေါင်းစပ်ထားသည်။ မျိုးဆက်သစ်ဖြစ်သော GPU Turbo၊ Kirin Gaming+ နည်းပညာတို့ဖြင့် ပံ့ပိုးထားသောကြောင့် graphic အရည်အသွေးနှင့် ဘောင်နှုန်းတည်ငြိမ်မှုကို မြှင့်တင်ပေးထားပြီး အကောင်းမွန်ဆုံးသော ဂိမ်းအတွေ့အကြုံကိုရရှိမည်ဖြစ်သည်။ Huawei ၏ စတုတ္ထမြောက်မျိုးဆက် ISP ဖြင့်ပေါင်းစပ်ထားသော Kirin 810 သည် ပိုမိုကောင်းမွန်သော graphic နှင့် ဓာတ်ပုံတွင်ပါရှိသည့် noise များကိုလျော့နည်းစေပါသည်။ Huawei ၏ Da Vinci architecture ပါဝင်သည့် NPU သည် စမတ်ဖုန်း၏ AI စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည် ဥပမာ AI Body Shaping၊ အချိန်နှင့်တပြေးညီရိုက်ကူးနိုင်သော ဗီဒီယိုများစသည်တို့ဖြစ်သည်။

ကြီးမားတဲ့ 4200mAh ဘက်ထရီပမာဏ နှင့် 40W HUAWEI SuperCharge နည်းပညာ

ဂိမ်းကစားခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းစသည်တို့ကို အချိန်ကြာကြာအသုံးပြုနိုင်ဖို့အတွက် HUAWEI nova 7i တွင် ကြာရှည်ခံသော ကြီးမားသည့် စွမ်းရည်မြင့် 4200mAh ဘက်ထရီကိုတပ်ဆင်ထားပါသည်။ Kirin 810 chipset နှင့် EMUI10 OS တို့ကြောင့် စွမ်းအင်သုံစွဲမှုနည်းနည်းဖြင့် ဂိမ်းကစားခြင်း၊ ဓာတ်ပုံရိုက်ခြင်း နှင့် ဖျော်ဖြေရေးအစရှိသည်တို့ကို ကြာရှည်အသုံးပြုနိုင်မည်ဖြစ်သည်။ 20W အားဖြင့် ယခင်ဖုန်းများသည် 4200mAh ဘက်ထရီအားပြည့်ရန် မိနစ် ၈၀ခန့်ကြာပြီး ၅၀% အားပြည့်ရန် နာရီဝက်ခန့်ကြာခဲ့သည်။ ယခု HUAWEI nova 7i တွင် အသုံးပြုထားသော 40W SuperCharge နည်းပညာသစ်က နာရီဝက်ခန့် (ကော်ဖီတစ်ခွက်သောက်ချိန်မျှသာ) အားသွင်းရုံ ၇၀% အထိအားပြည့်စေပါသည်။ ဒါ့အပြင် TÜV Rheinland မှအသိအမှတ်ပြုထားသောကြောင့် စိတ်ချစွာဖြင့် အားသွင်းနိုင်ပါသည်။

ဓာတ်ပုံနှင့် ခရီးသွားတာကို ဝါသနာပါပြီး ဂိမ်းကစားခြင်းကိုပါနှစ်သက်ပါက ထိုအရာအားလုံးအတွက် အကောင်းဆုံးသော အတွေ့အကြုံကိုပေးနိုင်သည့် HUAWEI nova 7i က အကောင်းဆုံးသောလက်ဆောင်အဖြစ် မှတ်ယူနိုင်ပါသည်။ HUAWEI Nova 7i ကို မြန်မာငွေ လေးသိန်းကျပ် ဝန်းကျင်ဖြင့် Sakura Pink (ပန်းရောင်)၊ အနက်ရောင် နှင့် အစိမ်းရောင်တို့ကို မြန်မာနိုင်ငံ ဈေးကွက်တွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ Pre-Order မှာယူနိုင်မည်ဖြစ်ပါသည်။ Pre-Order မှာယူသူများအတွက်လည်း HUAWEI band4 ကို လက်ဆောင်ရရှိဦးမည်လည်း ဖြစ်ပါသည်။