Huawei ဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်းမှာ Nova 8 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Huawei Nova 8 ရဲ့ ဓါတ်ပုံတွေပေါက်ကြားခဲ့သလို အခုလည်း Nova 8 Pro စမတ်ဖုန်းနဲ့ သက်ဆိုင်တဲ့ Specification တွေပါ ပေါက်ကြားလာခဲ့ပါပြီ။

အခုသတင်းကိုတော့ နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ပြောကြားခဲ့တာဖြစ်ပြီး Weibo စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ Huawei Nova 8 Pro စမတ်ဖုန်းဟာ 6.72″ OLED Display ကိုမှ Custom Resolution ဖြစ်တဲ့ 2676 x 1236 Pixel ကို ထောက်ပံ့လာမှာဖြစ်ပါတယ်။ အဆိုပါ Display ဟာ 10-bit Color Depth ၊ 120Hz Refresh Rate Support အပြင် 80-degree Curved ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

Huawei Nova 8 ဖုန်းအနေနဲ့ကတော့ 6.5″ Full HD+ 90Hz OLED Display ပဲပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Nova 8 ဖုန်းက Nova 8 Pro ထက် ပိုပြီး ပါးလွှာသလို ပိုလည်း ပေါ့ပါးမှာဖြစ်ပါတယ်။

Huawei Nova 8 Pro ဖုန်းမှာ Selfie Camera ကို 32MP Primary + 16MP Secondary Sensor တွေပါဝင်တဲ့ Camera Setup ကို Dual Punch-hole Design နဲ့ ထည့်သွင်းထားမှာပါ။ Back Camera အနေနဲ့ကတော့ 64MP Primary + 8MP Ultrawide + 2MP Macro + 2MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Nova 8 အနေနဲ့လည်း တူညီတဲ့ Back Camera Setup ကိုမှ Single 32MP Selfie Camera ပါဝင်မှာပါ။

Performance ပိုင်းမှာတော့ Nova 8 Series ဖုန်း ၂ မျိုးစလုံး Kirin 985 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Battery အနေနဲ့ Nova 8 မှာ 3700mAh Battery နဲ့ Nova 8 Pro မှာ 3900mAh Battery တွေပါဝင်မှာဖြစ်ပြီး 66W Fast Charging ကို Support ပြုလုပ်လာမှာဖြစ်ပါတယ်။ RAM 8GB + 128GB Storage အပြင် RAM 8GB + 256GB Storage Version ကိုပါ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China