Huawei ဟာ Nova 8 နဲ့ Nova 8 Pro တို့ကို ပြီးခဲ့တဲ့လကုန်ပိုင်းကတည်းက ကြေညာခဲ့တာပါ။ ဒါပေမယ့် ဒီဟန်းဆက်နှစ်မျိုးစလုံးကို အမှန်တကယ်ရောင်းချတာကတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ဖြစ်ပါတယ်။ Nova 8 ရော Nova 8 Pro တို့ဟာ 5G ဟန်းဆက်တွေလည်း ဖြစ်ကြပါတယ်။
တရုတ်နည်းပညာကုမ္ပဏီကြီးအနေနဲ့ သူ့ရဲ့ထုတ်ကုန်သစ်တွေအတွက် အရောင်းမြှင့်တင်ရေးကြိုးပမ်းမှုအဖြစ် စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီဇိုင်း၊ သားနားတဲ့ UI theme အသစ်အပြင်၊ အထူးစပယ်ရှယ် King of Glory Edition အဖြစ် ယူဆောင်လာတာကိုလည်း တွေ့မြင်ရပါတယ်။
Nova 8 Pro King of Glory Edition ဟာ ခရမ်းရောင်ကိုယ်ထည်နဲ့ လူငယ်ဆန်တဲ့ခံစားမှုကို ဆောင်ယူလာတယ်လို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ကျောဘက်ကိုယ်ထည်မှာ Luban ဇာတ်ကောင်ကိုလည်း ရေးထိုးထားပါသေးတယ်။ ဒါပေမယ့် အပြင်ပိုင်း အရောင်နဲ့ဒီဇိုင်းပိုင်း ပြောင်းလဲထားတာကလွဲရင် ကျန်တဲ့အတွင်းအစိတ်အပိုင်းတွေကတော့ ပြောင်းလဲခြင်း မရှိပါဘူး။
ဒါကြောင့် Nova 8 Pro King of Glory Edition ဟာ Kirin 985 SoC, 8GB of RAM, 128/256GB Storage တွေနဲ့ပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဘက်ထရီပမာဏကလည်း 4,000mAh ဖြစ်ပြီး 66W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၅ မိနစ်မှာ ၆၀% နဲ့ ၃၅ မိနစ်မှာ ၁၀၀% အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ Reverse Charging ကတော့ 5W ဖြစ်ပါတယ်။
မျက်နှာပြင်ထက် Punch-hole ထဲက Selfie ကင်မရာတွေကတော့ 16MP (wide) နဲ့ 32MP (ultrawide) တို့ပဲ ဖြစ်ပါတယ်။ ကျောဘက်မှာတော့ 64MP အဓိကကင်မရာ + 8MP (Ultrawide) + 2MP (depth) + 2MP (macro) ကင်မရာတွေကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ပုံမှန်ဗားရှင်းထက်ပိုများတဲ့ $620 (၈ သိန်း ၂ သောင်းခွဲ) ဝန်းကျင်ဖြစ်ပါတယ်။
Ref: GSM Arena