Huawei ဟာ လာမယ့်နှစ်ကုန် ဒီဇင်ဘာလဝန်းကျင်မှာ Nova 8 Series ကို မိတ်ဆက်သွားဖို့ရှိနေတာဖြစ်ပါတယ်။ အဆိုပါ Nova 8 Series ဖုန်းတွေဟာ Nova 7 Series လိုမျိုးပဲ Nova 7 SE ၊ Nova 7 နဲ့ Nova 7 Pro ဆိုပြီး အနည်းဆုံး ၃ မျိုးအထိ မိတ်ဆက်လာနိုင်ပါတယ်။

အခုလည်း Huawei Nova 8 Pro လို့ ယူဆရတဲ့စမတ်ဖုန်းတစ်လုံးရဲ့ အရှေ့ဘက် Design ကို ရိုက်ကူးထားတဲ့ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပြန်ပါပြီ။ Cover အသုံးပြုထားတဲ့အတွက် ဖုန်း Design ပိုင်းကိုတော့ သေချာမြင်တွေ့ရခြင်းမရှိသေးတဲ့အတွက် Display ပိုင်းကိုပဲ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

Huawei Nova 8 Pro ဖုန်းဟာ Curved Display ကို အသုံးပြုထားပြီးတော့ Selfie Camera အတွက်လည်း Dual Punch-hole Design ကို အသုံးပြုထားတာတွေ့ရပါတယ်။ ဒါက Nova Series ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Curved Display ပါဝင်လာတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် Huawei P40 Series နဲ့ Mate 40 Series လိုမျိုး Waterfall Display တော့မဟုတ်သေးဘူးလို့ ယူဆရပါတယ်။

Huawei Nova 8 Series ဖုန်းတွေဟာ ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Kirin Chipset တွေအစား MediaTek Dimensity Series Chipset တွေကို အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ Nova 8 Pro ဟာ လက်ရှိ အကောင်းဆုံး Dimensity Chipset ဖြစ်တဲ့ Dimensity 1000+ Chipset ကို အသုံးပြုလာမှာဖြစ်ပြီး 120Hz OLED Display လည်း ပါဝင်မှာဖြစ်ပါတယ်။

Nova 8 အနေနဲ့ကတော့ Dimensity 820 Chipset နဲ့အတူ 90Hz Display ပါဝင်မှာဖြစ်ပြီး Nova 8 SE ကတော့ Dimensity 800 Chipset ကိုမှ RAM 8GB နဲ့ 128GB Storage တွေပါဝင်မယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ Nova 8 SE ဟာ 2,799 Yuan (မြန်မာငွေ ၅ သိန်း ၃ သောင်းဝန်းကျင်) ၊ Nova 8 က 3,299 Yuan (မြန်မာငွေ ၆ သိန်း ၃ သောင်းဝန်းကျင်) နဲ့ Nova 8 Pro ကတော့ 3,999 Yuan (မြန်မာငွေ ၇ သိန်း ၆ သောင်းဝန်းကျင်) ကနေ စတင်ရောင်းချသွားဖို့များနေပါတယ်။

Ref – Gizmo China