Huawei ဟာ ဧပြီလမှာ nova 7 SE ကို ကြေညာခဲ့ပြီး ပြီးခဲ့တဲ့ လကတော့ nova 7 SE 5G Youth ကို ချပြခဲ့ပါတယ်။ အခုတော့ Huawei က ဒီလ ၅ ရက်နေ့မှာ nova 8 SE ကို မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။

nova 8 SE is coming on November 5

Huawei က တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ပို့စ်တင်ကာ ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး ဓါတ်ပုံအရ nova 8 SE မှာ အနောက်ကင်မရာ ၄ လုံးနဲ့ iPhone 12 လို ပြားချပ်တဲ့ ဖရိမ် ထည့်သွင်းထားတာ မြင်ရပါတယ်။ ညာဘက်မှာ အသံနဲ့ ပါဝါ ခလုတ်တွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

nova 8 SE will pack a 64MP quad camera and support 66W charging

နောက်ထပ် ဓါတ်ပုံ ၁ ပုံမှာ nova 8 SE ရဲ့ ဒီဇိုင်းကို ပိုလေ့လာနိုင်ပြီး အရောင်နဲ့ Specs တချို့ကိုလည်း သိရပါတယ်။ အဲဒီမှာ ၆.၅၃ လက်မ OLED မျက်နှာပြင်၊ 64MP ကင်မရာနဲ့ 66W Fast Charging ပါမယ်လို့ ဖော်ပြထားပါတယ်။

Huawei က nova 8 SE ရဲ့ Specs အပြည့်အစုံကို မပြောသေးပေမယ့် ပေါက်ကြားသတင်းအရ အဲဒီ စမတ်ဖုန်းမှာ 60Hz FullHD+ မျက်နှာပြင်ထည့်ထားမှာ ဖြစ်ပါတယ်။ Chipset ကို ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး MediaTek Dimensity 720 Chipset နဲ့ Dimensity 800U Chipset တို့ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 64MP Main ကင်မရာနဲ့အတူ 8MP , 2MP နဲ့ 2MP အပို ကင်မရာ ၃ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး ဘက်ထရီက 3,800mAh ဖြစ်ပါတယ်။

Ref : gsmarena