HUAWEI ဟာ ဒီဇိုင်းလန်းပြီး စွမ်းဆောင်ရည်ပိုကောင်းလာတဲ့ မျိုးဆက်သစ် nova Y90 ကို မြန်မာနိုင်ငံမှာ ရောင်းနေပါပြီ။ အဆိုပါ ဖုန်းဟာ HUAWEI nova တွေရဲ့ အစဉ်အလာအတိုင်း မြင်လိုက်တာနဲ့ မျက်စိထဲ စွဲနေပြီး၊ စိတ်ထဲမှာ နှစ်လိုသဘောကျရတဲ့ ဒီဇိုင်းမျိုးနဲ့ ပထမအကြည့်တစ်ချက်မှာတင် ဖမ်းစားသွားနိုင်ပါတယ်။

Design & Color

nova Y90 ရဲ့ ကျောဘက် ကင်မရာဖွဲ့စည်းတည်ဆောက်ပုံကို “ဂန္ထဝင်ဆန်တဲ့ အာကာသ အဝန်းအဝိုင်းပုံစံ” လို့ ညွှန်းဆိုရလောက်ပါတယ်။ ဒီဂျစ်တယ်ကမ္ဘာထဲမှာ စီးမျောလည်ပတ်သွားစေတဲ့ ခံစားချက်မျိုးကို ထင်ဟပ်သွားစေတဲ့ ဒီဇိုင်းပါပဲ။ တည်ငြိမ်တဲ့ သဘာဝဆန်မှုကို ကြိုက်သူလား၊ ပင်လယ်၊ သဲသောင်ပြင်၊ ကြယ်လေးတွေကို နှစ်သက်သူလား၊ ကျောက်စိမ်းလို လေးနက်ခန့်ထည်တာကို သဘောကျသူလား၊ ညအမှောင်က ငွေလရောင်လိုမျိုး ကြည့်ရှုရတဲ့ ခံစားချက်ကိုမှ မြတ်နိုးသူလား။ ဘယ်လိုဖြစ်ဖြစ် HUAWEI nova Y90 က အကုန်လုံးကို ကိုယ်စားပြုနေမှာပါ။

Display

HUAWEI nova Y90 ရဲ့ မျက်နှာပြင်ဟာ 6.7-inch အရွယ်အစား HUAWEI Edgeless FullView Display ဖြစ်တာကြောင့် ဒီဂျစ်တယ်ကမ္ဘာထဲကို ကျယ်ကျယ်ပြန့်ပြန့် လှမ်းမျှော်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ 1.05 mm ultra-narrow bezel တွေက အသုံးပြုသူရဲ့ လက်ထဲကဖုန်းဟာ ကန့်သတ်ထားတဲ့ ဘောင်တွေမရှိသယောင် ခံစားချက်မျိုးကို ပေးစွမ်းပါလိမ့်မယ်။ 94% Screen-to-body ratio က ဗီဒီယိုကြည့်ကြည့်၊ ဂိမ်းဆော့ပဲဆော့ဆော့ လွတ်လယ်ကျယ်ပြောတဲ့ ဖျော်ဖြေမှုအရသာကို အပြည့်အဝခံစားရစေပါလိမ့်မယ်။

မျက်နှာပြင်ရဲ့ အလင်းအမှောင်ကို အလိုအလျောက်ချိန်ညှိပေးတဲ့ Eye protection screen ဖြစ်တာကြောင့် အမြင်အာရုံထိခိုက်မှုကိုလည်း လျှော့ချပေးသွားမှာ ဖြစ်ပါတယ်။ Eye comfort mode နဲ့ E-Book mode တွေက မျက်လုံးကိုထိခိုက်စေမဲ့ အပြာရောင်အလင်းတန်းတွေကို လျှော့ချပေးတာကြောင့် စာဖတ်ရင်ပဲဖြစ်ဖြစ်၊ အင်တာနက်သုံးရင်ပဲဖြစ်ဖြစ် ဘယ်အချိန်မဆို အသုံးပြုသူရဲ့ မျက်လုံးကို သက်သောင့်သက်သာ ရှိနေစေပါလိမ့်မယ်။

270Hz touch sampling rate နဲ့ 90Hz screen refresh rate တွေလည်း ထောက်ပံ့ထားတဲ့အတွက် ဂိမ်းကစားတဲ့အခါမှာ မျက်နှာပြင်ပေါ် ထိလိုက်တဲ့ ကိုယ့်ရဲ့ ထိချက်တိုင်းက စိတ်သွားတိုင်းကိုယ်ပါ လိုရာကို အရောက်သွားနိုင်သလို ဖြစ်နေပါလိမ့်မယ်။

Battery & Charging

နောက်ထပ် နှစ်သက်စရာအချက်တစ်ချက်ကတော့ 5,000mAh ဘက်ထရီကို ထောက်ပံ့ပေးထားတာပါ။ ဒါတင်မကဘဲ 40W Pyramid Structure HUAWEI SuperCharge နည်းပညာလည်း အသုံးပြုထားတဲ့အတွက် မိနစ် ၃၀ အတွင်းမှာ ၄၇% အထိ အားသွင်းနိုင်ပါတယ်။ “နှေးကွေးတယ်” ဆိုတာ HUAWEI nova Y90 နဲ့ မသက်ဆိုင်သလိုတောင် ဖြစ်နေပါပြီ။

Camera

အာကာသ အဝန်းအဝိုင်းကို စံနမူနာယူထားတဲ့ ကင်မရာဖွဲ့စည်းပုံက ခန့်ထည်နေသလောက်၊ ကင်မရာတွေရဲ့ စွမ်းဆောင်ရည်ကလည်း အံ့သြမင်သက်စေလောက်ပါတယ်။ 50MP High-Res အဓိက ကင်မရာကို 2MP Depth Camera, 2MP Macro Camera တွေက တွဲဖက်အားဖြည့်ပေးထားတာကြောင့် ရိုက်ချက်တိုင်း၊ ပုံရိပ်တိုင်းက ကြည်လင်ပြတ်သားပြီး မှုန်ဝါးတဲ့ကမ္ဘာဟာ အိပ်မက်ထဲမှာပဲရှိတယ်လို့ သူငယ်ချင်းတွေကြားမှာ ဂုဏ်ယူစွာနဲ့ ပြောလို့ရမှာ ဖြစ်ပါတယ်။

Auto HDR လည်းပါတဲ့အတွက် ဓါတ်ပုံမရိုက်တတ်တဲ့ သူငယ်ချင်းကို ဖုန်းပေးပြီးရိုက်ခိုင်းရင်တောင် ကြည်လင်ထင်ရှားတဲ့ကိုယ့်ပုံလေးတွေရအောင် အလိုအလျောက် ထိန်းညှိပေးသွားမှာ ဖြစ်ပါတယ်။ AI Snapshot ကလည်း လေရဲ့အလျင်နဲ့ အားကစားလှုပ်ရှားနေတဲ့ပုံရိပ်တွေကို တိကျပြတ်သားစွာနဲ့ ဖမ်းယူပေးထားပါလိမ့်မယ်။ Super Night Shot ကလည်း Night out ထွက်တဲ့အချိန်မှာ မျက်နှာပွင့်စေတဲ့ စွမ်းဆောင်ရည်ကို ယူဆောင်လာပေး ပါလိမ့်မယ်။

အလင်းနဲ့အမှောင်ကို ကြည်လင်ပြတ်သားစွာနဲ့ ခွဲခြားဖမ်းယူနိုင်တာကြောင့် လူငယ်တွေပျော်ရွှင်ရတဲ့ မီးရောင်အောက်က ညတွေကို ကင်မရာကတစ်ဆင့် ဖုန်းရဲ့ သိုလှောင်မှုထဲမှာ ထာဝရတည်ရှိနေစေမှာ ဖြစ်ပါတယ်။

အနောက်ကင်မရာတွေအကြောင်း ချီးမွမ်းခမ်းဖွင့်ရုံနဲ့ မလုံလောက်သေးပါဘူး။ Selfie ချစ်သူတွေအတွက်လည်း အကောင်းဆုံးရိုက်ကူးမှုတွေပြုလုပ်နိုင်အောင် HUAWEI က စီမံပေးထားပါသေးတယ်။ HUAWEI AI algorithms တွေနဲ့ အထူးပြုလုပ်ထားတဲ့ 8MP front camera က သဘာဝအလှကို မျက်နှာပြင်ပေါ်မှာကြည့်တယ်ဆိုပေမဲ့ ပြင်ပနီးပါးခံစားရစေမှာပါ။ Portrait Bokeh Mode အသုံးပြုထားရင်လည်း မျက်နှာအလှတင်မက တစ်ကိုယ်လုံးရဲ့အလှကိုပါ သဘာဝကျကျ၊ ရှင်းလင်းပြတ်သားစွာနဲ့ တွေ့မြင်နိုင်စေပါတယ်။

WOW! ဖြစ်သွားစေမဲ့ နောက်ထပ်အားသာချက်တစ်ခုက ဘာလဲ။ Front/Rear Dual-View Video mode ပါ။ အရှေ့နဲ့ အနောက် နှစ်ဖက်စလုံးက ပုံရိပ်တွေကို တစ်ပြိုင်နက်ရိုက်ကူးနိုင်တာပါ။ ဒါကြောင့် တစ်ဖက်က အရာဝတ္ထုတစ်ခုခုကို ရိုက်ကူးနေချိန်မှာ ကင်မရာအနောက်က သင့်ကိုယ်သင်လည်း တစ်ပြိုင်နက်ရိုက်ကူးမှတ်တမ်းတင်ထားနိုင်ပါလိမ့်မယ်။ ချစ်သူလေးကို ရိုက်ပေးနေချိန်မှာ ကိုယ့်ကိုကိုယ်လည်း တစ်ပြိုင်တည်းရိုက်ကူးနိုင်တယ်ဆိုတော့ ကင်မရာခြားလို့ တစ်ကွဲတစ်ပြားဖြစ်ရတယ်ဆိုတဲ့ခံစားချက်မျိုးကို ခေတ်ဟောင်းမှာထားခဲ့နိုင်ပါပြီ။ အချိန်တိုင်း၊ နေရာတိုင်း၊ လှုပ်ရှားမှုတိုင်းကို တစ်ပြိုင်နက်တည်ရှိနေမှုတိုင်းကို ထာဝရ သိမ်းဆည်းထားနိုင်ပါပြီ။

Chipset & Memory

နောက်ဆုံးတစ်ချက်ကတော့ 128GB Storage ပါဝင်တဲ့အတွက် ထာဝရအမှတ်တရ ဓာတ်ပုံတွေ၊ နောက်တစ်ခါပြန်မရနိုင်တော့တဲ့ အခိုက်အတန့်တွေကို ဖုန်းထဲမှာပဲ စိတ်ကြိုက်သိမ်းဆည်းထားနိုင်တာပါ။ ပြီးတော့ ဂိမ်းမျိုးစုံကို ဖုန်းတစ်လုံးတည်းမှာပဲ ထည့်သွင်းထားပြီး အချိန်တိုင်း၊ နေရာတိုင်းမှာ စိတ်ပျော်ရွှင်စွာနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအကောင်းဆုံးအရည်အသွေးတွေအတွက် RAM 8GB နဲ့အတူ Qualcomm Snapdragon 680 Processor က မောင်းနှင်သယ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

Availability

HUAWEI nova Y90 ကို အမြို့မြို့အနယ်နယ်က HUAWEI Showroom နဲ့ နီးစပ်ရာ အရောင်းကိုယ် စားလှယ်ဆိုင်လေးတွေမှာ ဝယ်ယူနိုင်ပါတယ်။ HUAWEI nova Y90 နဲ့ပတ်သတ်တဲ့ အသေးစိတ်လေးကိုတော့ https://consumer.huawei.com/mm/phones/nova-y90/ လေ့လာနိုင်ပါတယ်။