Huawei က နိုင်ငံတကာအတွက် Nova Y91 ကို ကြေညာလိုက်ပြီး အရွယ်ကြီး 7,000mAh Battery တပ်ဆင်ထားတာက ထူးခြားပါတယ်။

Huawei Nova Y91

Huawei Nova Y91 မှာ အရွယ်ကြီး 6.95” LCD HD+ မျက်နှာပြင်တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 270Hz Touch Sampling Rate ထည့်သွင်းထားပါတယ်။ လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာပါပါတယ်။

Snapdragon 680 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB/256GB Storage ပါပါတယ်။ 22.5W Fast Charging ထောက်ပံ့တဲ့ 7,000mAh Battery ထည့်သွင်းထားပါတယ်။

Huawei Nova Y91

ဆဲလ်ဖီး အတွက် 8MP ကင်မရာ ပါလာပြီး အနောက်ဘက်က စက်ဝိုင်းပုံ ကင်မရာ Island ထဲမှာ 50MP Main , 2MP Depth ကင်မရာနဲ့ LED Flash ထည့်သွင်းထားပါတယ်။

EMU 13 မောင်းနှင်ထားပြီး dual SIM, 4G VoLTE, Wi-Fi 801.ac, Bluetooth 5.0, GPS , USB-C Port နဲ့ စတီရီယို စပီကာတွေ ပါပါတယ်။ အရွယ်အစား အပြည့်အစုံက 171.6 x 79.9 x 8.9mm ဖြစ်ပြီး အလေးချိန်က ၂၁၄ ဂရမ် ဖြစ်ပါတယ်။

Huawei Nova Y91 ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ Starry Black နဲ့ Moonlight Silver ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gizmochina